အချစ်နဲ့ စစ်
အပိုင်း 17" ဂျောင်ဆူး ပြီးပြီလား "
" ပြီးပြီ တကယ်ပဲ အေးဆေးကို မလုပ်ရဘူး "
ဒီနေ့ ဂျောင်ဆူး ချန်ယောတို့ အိမ်ကို လိုက်ရမည် ဖြစ်သောကြောင့်
အဝတ်အစား အနည်းငယ်ကို အိတ်ထဲ ထည့်နေရင်း အပြင်ကနေ
အော်နေတဲ့ ချန်ယောကြောင့် အဝတ်ကို ကောင်းကောင်းမထည့်ရ။" နောက်ကြတော့မယ် မင်းလုပ်နေတာနဲ့ မြန်မြန်လာ "
" နောက်ကြမှာ ကြောက်ရင် ငါ့ကို ထားခဲ့လေ "
" တော်ပြီ ငါမင်းနဲ့ ဆက်မပြောတော့ဘူး လာ "
" ငါကသူ့အိမ် ကို တော်တော်လိုက်ချင်နေတာ ဆိုတော့.. ဟွန့်.. "
နောက်ကနေ ပွစိပွစိပြောနေတဲ့ ဂျောင်ဆူးကို ချန်ယော ဘာမှ ဆက်မပြော ။ အောက်ကြခံ ပြီးခေါ်နေလို့ ဒီကောင်ဈေးကိုင်နေတာ ။
" ချန်ယော ငါ အကြာကြီးမနေဘူးနော် မင်းအိမ်မှာ "
ကားပေါ်ရောက်တဲ့ အထိ ပြောလို့မပြီးနိုင်သေးတဲ့ ဂျောင်ဆူးကို
သူ စိတ်မရှည်စွာ..." အေးကွာ...အေးအေး "
...........,......................................" ကဲ ရောက်ပြီ ဆင်းတော့ "
ချန်ယောတို့ အိမ်ရှေ့ကားထိုးရပ်ပြီး နှစ်ယောက်သား အထုပ်တွေ ဆွဲကာ အိမ်ထဲဝင်လာခဲ့ကြသည်။
ဂျောင်ဆူး တစ်ယောက် ခမ်းနားလှတဲ့ အိမ်ကြီးကို သေချာလိုက်ကြည့်နေမိတယ် ။ ရှေးဟောင်း ပစ္စည်း တွေနဲ့ အလှဆင်ထားတဲ့ အိမ်ကြီးဟာ အရမ်းကို ကျက်သရေ ရှိလှဧ။်
နံရံကပ် ပန်ချီကားကြီးတွေကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။
သူ ချန်ယောမိသားစုကို ဒီလောက်ထိ ပိုက်ဆံရှိမယ်မှန်း မထင်ခဲ့ပေ ။ချန်ယော သူ့အိမ်စဝင်ထဲက စိတ်ဝင်တစား လိုက်ကြည့်နေတဲ့ ဂျောင်ဆူးကို စချင်တာနဲ့ အနားကပ်ကာ
" ငါ့ ချမ်းသာမူကို အားကြနေပြီမလား "
" အားကြစရာလား ဝေါ့ "
သူ့ကို မျက်စောင်းထိုးကာ တစ်ဖက်လှည့်သွားတဲ့ ဂျောင်ဆူးပုံကို ရီချင်နေမိသည်။