အချစ်နဲ့ စစ်
အပိုင်း24
" ချန်ယော..ရေသောက်ချင်တယ်..."
ကုတင်ပေါ်ကနေ ထိုင်ကာ စာအုပ်ဖတ်နေတဲ့ ဂျောင်ဆူးဟာ အလုပ္စားပြဲခုံမွာ အလုပ်လုပ်နေတဲ့ ချန်ယော ကို လှမ်းခိုင်းလေးသည်။
" အင်း..ကိုယ် ခပ်ပေးမယ်နော်.."
ချန်ယော ရေခဲသေတ္တာထဲက ရေဘူးကိုယူကာ ဂျောင်ဆူးအား ပေးလေသည်။ ဟိုက မျက်နှာကို ပြုံးရွှင်ကာ ချစ်တယ်ဟု ပြောလေသည်။
ချန်ယော လည်းဂျောင်ဆူးရဲ့ ခေါင်းပေါ်က ဆံပင်လေးတွေကို ဖွလျက် အလုပ်စားပွဲပေါ်ပြန်လာထိုင်ကာ အလုပ်ဆက်လုပ်နေလိုက်သည်။
" ချန်ယော အောက်က နွားနို့ခွပ်လေး ယူပေးဦး"
" အင်းအင်း ခဏနော် ဂျောင်ဆူးကိုယ်ယူပေးမယ် "
ခဏဆိုပြီး ကွန်ပြူတာကနေ အကြည့်မခွာပဲ အလုပ်ဆက်လုပ်နေတဲ့ ချန်ယောကို သူစိတ်ဆိုးချင်နေပြီ။
" ချန်ယော..."
" အော်...အင်း..ကိုယ်ယူပေးမယ်အခုပဲ "
သူစိတ်ဆိုး မာန်ဆိုးနဲ့ အော်ခေါ်မှ ပြာပြာသလဲ ထကာ အောက်ထက်က နွားနို့ခွက်ကို သွားယူလေရဲ့....
" ရော့ ရပါပြီး နွားနို့..."
" ပူတယ် မှုတ်ပေးဦး "
ကလေးငယ်လေးလို နှုတ်ခမ်းလေးထော်ကာ ပူတယ်ဆိုပြီး သူ့အား
မှုတ်ခိုင်းပြန်တဲ့ ကောင်ကလေး ။ သူလည်း ထော်နေတဲ့ နှုတ်ခမ်း
လေးကို နမ်းကာ ပူနေတဲ့ နွားနို့ကို တစ်ဖူးဖူးနဲ့ မှုတ်ပေးလိုက်၏" ရော့...ဒီလောက်ဆို သောက်လို့ ရလောက်ပြီ "
" အင်း..ကျေးဇူး..ချစ်တယ်နော်...ချန်ယောကို.."
" အချွဲလေးကွာ..."
'" ကဲ..ဒီလောက်ဆို ကိုယ်အလုပ်သွားလုပ်လို့ရပြီမလား...."
" အင်း..."
ချန်ယော မနက်ဖြန်ဆို ကုမဏ္ဏီမှာ အရေးကြီး အစည်းအဝေးရှိတာကြောင့် ဒီနေ့စာရင်းတွေ အပြီးလုပ်ရမည်လေ။
" ချန်ယော..."
" ဘာလဲ ဂျောင်ဆူးရာ ဒီမှာကိုယ်အလုပ်လုပ်နေတယ်လေကွာ.."
သူစိတ်မရှည်တော့ ။ အလုပ်ကမပြီးရတဲ့ကြားထဲ သူက ကုတင်ပေါ်ကနေ တစ်ခုပြီးတစ်ခုခိုင်းနေတယ်။