အချစ်နဲ့ စစ်

641 38 0
                                    

အချစ်နဲ့ စစ်

အပိုင်း 1

" ဝါးးး  ဒိုဂျောင်ဆူးတို့မိုက်ချက်ကွာ "

ဂျောင်ဆူး အတန်းထဲ ဝင်လိုက်တာနဲ့ အသံပြဲကြီးနဲ့ ချီးကျူးထောပနာ ပြုနေတဲ့ ချမ်းနဲ့ လုဟန် တို့ကို ပြုံးကာ သူတို့ရှေ့
သွားပြီး နေကာမျက်မှန်လေးကို ပင့်တင်ရင်း

" မိုက်ရမယ်လေ ငါက ဘယ်သူမို့လို့လဲ ဒိုဂျောင်ဆူးလေ "

ဂျောင်ဆူးရဲ့အပြောကြောင့် ချမ်းက မျက်စောင်းထိုးကာ

" ဟုတ်ပါတယ် မောင်မင်းကြီးသားရယ် အရင်ဆုံး ခုံမွာ ဝင်ထိုင်ပါဦး "
ဂျောင်ဆူးလည်း လုဟန်ဘေးက ခုံကိုဝင်ထိုင်လိုက် ပြီးကျောပိုးအိတ်ကို ခုံထဲ ထည့်တော့အထဲက အရာကြောင့် ထည့်မရလို့ ငုံကြည့်လိုက်တော့ ပစ္စည်း တစ္ခု ။

ဂျောင်ဆူး အပြင်ကိုဆွဲထုတ်လိုက်တော့ လက်စွပ်ဘူးလေ။
ဂျောင်ဆူး လက္စြပ္ဘူးကို ကိုင်ပြီး မျက်နှာရှုံမဲ့ကာ

" ဘယ်အကောင်တွေ အကောင်မတွေ လာထည့်သွားတာလဲ ရှုပ်ရှုပ် ရှုက်ရှုက်နဲ့ သြား "

ဂျောင်ဆူး လက္စြပ္ဘူးကို ရှေ့ကို လွင့်ပစ်လိုက်သည်။ ဘူးလေးက
တော့ နံရံနဲ့မှန်ပြီး အစိပ်စိပ်အမွာမွာကွဲကြေသွားတော့သည်။ တစ်ခန်းလုံးကလည်း ဂျောင်ဆူးရဲ့လုပ်ရပ်ကို ငေးကြည့်ရုံမှတစ်ပါး
ဘာမွ မပြောကြပေ။

ဂျောင်ဆူးရဲ့အပြုအမူကို ဘေးက သူငယ်ချင်းတွေဖြစ်တဲ့ လုဟန်နဲ့
ချမ်းက သက်ပြင်းချနေမိသည် ။ ဒီလို ကိစ္စ တွေကလည်း အခုမွ မဟုတ် နေ့တိုင်းနီးပါး မြင်တွေ့နေကြ။

ပစ္စည်း တွေနေ့တိုင်းနီးပါး လာထည့်သွားကြတဲ့ လူတွေလည်း အံသြလို့မဆုံး ။ ဒီလောက်မာနကြီး ပြီး အဆဲပုတ်တဲ့ ဂျောင်ဆူးကို
ကြိုက်တဲ့ လူကရှိသေး ။ သူ့ရုပ်ကလည်း ကြိုက်တော့ကြိုက်ချင်
စရာပဲလေ ။ ဒါမဲ့ မာနကြီးလွန်း တာကတော့လွန်တယ် ။ တစ်ခါတလေ ကျွန်တော်တို့တောင်ခွင့် မလွတ်နိုင်တဲ့အထိပဲ ။များသော အားဖြင့် ကျွန်တော်တို့က အချော့ပေးရတာများသည်လေ။

ဂျောင်ဆူး မာနကြီးတာလဲ မပြောနဲ့ သူ့မိဘတွေပိုင်တဲ့ စည်းစိမ် ဥစ္စာ က သူ့ဆယ်သက်စားမကုန် ။ တစ်ဦးထဲသော သားမို့ ခ်စ္လိုက္တာ
မွ တုန္လို့ ။ အလိုလိုက္တာလဲ ပြောမနေနဲ့ မိုးပေါ်က ကြယ်လိုချင်တယ် ပြောတာနဲ့ မရရအောင် တက်ယူပေးမဲ့ မိဘမျိုး
တွေ။ ဒါကြောင့် ဒီကောင်က ဖမ်းမရအောင် မြောက်တက်ပြီး ရုပ်ကလေး နဲ့မှ မလိုက် အဆဲပုတ်လေသည်။

အချစ်နဲ့ စစ်Onde histórias criam vida. Descubra agora