အပိုင်း (၁)

8.2K 333 3
                                    

{ Unicode }

< စစ်မှန်တဲ့ ချစ်ခြင်း > part 1

အခုမှ ပထမဆုံးရေးဖူးတာမို့ ကြိုက်တယ် မကြိုက်ဘူးဆိုတာကို ဝေဖန်ပေးပါအုံးနော်
တစ်ခုလောက် ကြိုပြီး မေတ္တာရပ်ခံချင်ပါတယ် ရှင်
ဒီ fic က စိတ်ကူးယဥ်သပ်သပ်သာဖြစ်ပါတယ် ။ အတက်နိုင်ဆုံး real ဆန်အောင် ရေးချင်တာမို့ အပြင်က အကြောင်းလေးတွေ ကိုးကားပြီး ရေးထားခြင်းဖြစ်ပါတယ် BigHit က ဘယ်လိုလူရွေးတယ် ဘလို စည်းကမ်းတွေရှိတယ် ဆိုတာ မသိပါဘူးရှင် စိတ်ကူးသပ်သပ်မို့ အပျော်သဘောသာ ဖတ်ပေးစေချင်ပါတယ် ... peace 💜

~~~~~~~~~~ အပိုင်း (၁) ~~~~~~~~~~~~~

" Big Hit " audition တဲ့ ဒီသတင်းကိုကြားတော့ စိတ်ထဲမှာ လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ရတယ် ။ ဟိုးငယ်ငယ်ထဲက idol တစ်ယောက်ဖြစ်ချင်တဲ့ အိမ်မက်တွေ တစ်ဖန်နိုးထလာခဲ့ပြန်ပြီ ။
အရမ်း နာမည်မကြီးတဲ့ Company ဖြစ်နေပေမဲ့ ကျွန်တော့်ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်ကောင်းပါရဲ့ ။ လူရွေးပွဲ နံပါတ်လေးကိုင်ပြီး Big Hit Company ကြီးထဲ တက်ကြွသော ခြေလှမ်းများနှင့်အတူ ဝင်လာခဲ့တော့သည် ။
တစ်နိုင်ငံလုံးမှာရှိတဲ့ ကျွန်တော့်လို idol ဖြစ်ချင်တဲ့ အိမ်မက်ရှိကြတဲ့ လူငယ်တွေအများကြီးတွေ့နေရတယ် ။ ဝိုးး လူတွေက အများကြီးပါပဲလား ဆိုပြီး တအံ့တသြ နှင့် စိတ်ထဲမှာ ရေရွတ်လိုက်မိသည် ။ ထို အံ့သြမှုနှင့်အတူ တပြိုင်နက် စိုးရိမ်စိတ်က ပေါ်လာခဲ့သေးသည် ။ ဒီလူတွေအများကြီးထဲကမှ လူရွေးတဲ့ထဲမှာ ငါပါမှပါနိုင်ပါ့မလား တစ်နိုင်ငံလုံးက တကယ်တော်တဲ့ လူတွေပဲ လာပြိုင်ကြမှာ ။ ကံကောင်းပါစေ လို့သာ ကိုယ့်ကိုကိုယ် နှစ်သိမ့်နေမိတော့သည် ။ ဘေးမှ Omma ကလဲ ကျွန်တော့်ကို အားပေးရှာပါသည် ။

" သား မေမေတို့ သားကိုယုံတယ်နော် သားအကောင်းဆုံးသာလုပ်ခဲ့ ဘယ်လို result ပဲ ထွက်လာ ထွက်လာ မေမေတို့ လက်ခံပြီးသား မေမေတို့ သားကို ချစ်တယ်နော် "

မေမေ့ထံမှ အားပေးစကားကြားတော့မှ စိတ်ကို ပြန်အားတင်းပြီး ပြိုင်ပွဲဝင်မည့် အက ကိုသာ အာရုံစိုက်ပြီး လေ့ကျင့်နေတော့သည် ။
အက တွေကို ပြန်လေ့ကျင့်နေတုန်း ဟိုးဘက်ထောင့်နားက မျက်လုံးစူးစူးလေးနဲ့ စိုက်ကြည့်နေသည့် ကောင်လေး တစ်ယောက်ကို သတိထားမိသွားသည် ။ ထိုကောင်လေး ဘေးက သူ၏ အဖေ ဖြစ်ဟန်တူသည် ။ ထို ကောင်လေးနှင့် မျက်လုံးချင်းဆုံမိတော့ အနည်းငယ်ပြုံးပြလိုက်သည် ။ ကောင်လေးကလဲ ပြန်ပြုံးပြတာကို တွေ့ရသည် ။
ဒီလိုနှင့် ကျွန်တော် ယှဥ်ပြိုင်ရမည့် အချိန် နီးကပ်လာပြီ ဖြစ်၍ ယှဥ်ပြိုင်မည့်သူများ စောင့်ဆိုင်းသည့် အခန်းထဲသို့ ဝင်ခဲ့ရတော့သည် ။ မေမေ့ မျက်နှာမှာလဲ စိုးရိမ်မှုတွေ နှင့် အားတင်းပြီး ပြုံးပြရှာသည် ။

စစ်မှန်တဲ့ ချစ်ခြင်းWhere stories live. Discover now