< စစ်မှန်တဲ့ ချစ်ခြင်း >
(Unicode)
အပိုင်း (၆)
BTS ဆိုသည့် နာမည်နှင့် ရပ်တည် လာခဲ့တာ ၂၀၁၄ ခုနှစ်ထဲ ရောက် လာခဲ့သည် ။ ပွဲဦးထွက်ပြီးတာ ၁နှစ်ရှိပြီပေါ့ ... ဘယ်သူမှမသိတဲ့ အဖွဲ့လေးကနေ စတင်ခဲ့တာ ။ show ပွဲ လုပ်တိုင်း လူလေး ၁ ထောင်ကျော်လောက်လေးနှင့်စ တင်ခဲ့တာ အခုဆို ၁နှစ်တောင် ကြာသွားခဲ့လေပြီ ။ ပရိတ်သတ်လဲ အတော်လေး ရနေခဲ့ပါပြီ ။ သီချင်းတွေလဲ ထွက်နိုင်နေပါပြီ ။ အရာရာကို ၇ယောက်လုံး စိတ်တူကိုယ်တူ ကြိုးစားလာခဲ့ကြတာ အမှန်ပင် ။ တစ်ခါတစ်ရံ စိတ်ဝမ်းကွဲမှုများရှိခဲ့သော်လည်း အတက်နိုင်ဆုံးဖြေရှင်းပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှုအပြည့်နှင့် ဆက်လျှောက်လာခဲ့ကြသည် ။
Jin , Suga , RM , J hope , Jimin , V နှင့် Jungkook ဆိုတဲ့ ဒီ လူသားလေး ၇ယောက်ကို ချစ်ပေးကြတာကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည် ။ ရှေ့လျှောက် ဒီလိုလေးပဲ အပြစ်မမြင်ပဲ ချစ်ပေးဖို့ မျှော်လင့်မိပါသည် ။ ဒီ member ၆ယောက်နှင့် ကျနော် အတူရှိနေခဲ့တာ debut မလုပ်ခင်ထဲကဆိုတော့ ၄နှစ်ထဲ ရောက်ခဲ့ပြီပေါ့ ညီအကိုလို သံယောဇဥ် သူငယ်ချင်း သံယောဇဥ်တွေနှင့်အတူ ချစ်ရပါသည် ။ သို့သော် ... တစ်ယောက်ကတော့ အချစ်ပိုတာပေါ့လေ ... ယုန်ငယ်လေး .
ငါမင်းကို သိပ်သဘောကျတယ် မင်းအနားမှာရှိနေရင် ငါသိပ်ပျော်တယ် မင်းမျက်နှာလေးကိုပဲ ကြည့်နေချင်တယ် ။ ငါ သိပ် လောဘကြီးမိသွားလား ။ မတက်နိုင်ဘူး ဒါတွေကို အချစ်လို့ ခေါ်နိုင်မလား ။ မင်းကိုသိပ်သဘောကျတာ မင်းကသာ မရိပ်မိတာ တခြား member hyung တွေက ရိပ်မိနေပြီ ။" Jiminshi ... မင်း Jk ကိုပဲ ကျွေးမှာမလား
မင်း Jk ကိုပဲ ပေးမှာမလား မင်း Jk ကိုပဲ အနိုင်ပေးမှာမလား "အဲ့လိုကိုပြောယူရလောက်အောင် ကျနော် ယုန်ငယ်လေးကို ဦးစားပေး သဘောကျနေတာကို တခြား member တွေကသိကြသည် ။ သူတို့ စိတ်ထဲတော့ အငယ်ဆုံးလေးမို့ ချစ်တာလို့ ရိုးရိုးသားသား တွေးနေကြမှာအမှန်ပင် ။ တကယ်တော့ ကိုယ်မရိုးးသားတာ ကိုယ်ပဲသိသည် ။ ကျနော်သိသလို V လဲ သိသည် ။ V က ကျနော့် အရင်းနှီးဆုံး သူငယ်ချင်းဖြစ်နေတော့ ကျနော် ရင်ဖွင့် ထားခဲ့သောကြောင့် သူ သိနေတာဖြစ်သည် ။ ရင်ဖွင့်ခါစက သူ ကျနော့်ကို ယောကျ်ားချင်း သဘောကျနေတယ်ဆိုပြီး ရွံသွားမလားလို့ စိုးရိမ် ခဲ့ရပါသေးသည် ။ သို့သော် V က ကျနော့်အပေါ် အရမ်းနားလည်ပေးဆုံး သူငယ်ချင်းကောင်း တစ်ယောက်ပင်ဖြစ်သည် ။ တစ်ခါတစ်ရံ ကျနော့်ကို ယုန်ငယ်လေးနှင့် နီးစပ်ရန် ကူညီ တက်ပါသေးသည် ။
ယုန်ငယ်လေးကတော့ ဘာမှ မသိရှာ ပေ ။ ဒီလိုနှင့် တစ်ရက်ပြီး တစ်ရက် တစ်လပြီးတစ်လ တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်ခဲ့ပါသည် ။ ကျနော်တို့ ၏ ကြိုးစားမှုနှင့်မညီ အဖွဲ့၏ အောင်မြင်မှုကလဲ ကြောက်ခမ်းလိလိ ဖြစ်လာတော့သည် ။ ပြည်တွင်း fan ပြည်ပ fan နှင့် နိုင်ငံတကာမှ အားပေးကြတဲ့ fan တွေလဲ ရှိလာပြီ ။ ARMY 💜 ဟုခေါ်သည် ။ အချိန်တွေ တစ်နှစ်ပြီးတစ်နှစ်ကုန်လာလိုက်တာ ၂၀၁၇ နှစ်ကုန်ပိုင်းကို ရောက်လာခဲ့ပြီ ။ အလုပ်တွေအများကြီး ကြိုးစားကြလို့ Company က ဆုချသည့်အနေဖြင့် trip သွားခွင့်ပြုရန် ခွင့်ပြုလိုက်သည် ။ အားလုံး ဘယ်သွားရမလဲ တိုင်ပင်ရင်း Hawaii ကိုသွားရန် ဆုံးဖြတ် လိုက်ကြသည် ။