အပိုင်း (၈)

1.5K 171 0
                                    

< စစ်မှန်တဲ့ ချစ်ခြင်း >

(Unicode )

အပိုင်း (၈)

မနက် ၇ နာရီ ရှိလေပြီ။ တစ်ညလုံးငိုထားသဖြင့် မို့အစ်နေသော မျက်လုံးများဖြင့် ခေါင်းတွေပူထူနေအောင်ကိုက်နေလေသည် ။

" ဒေါက် .. ဒေါက် "

တံခါးခေါက်သံကြောင့် လေးလံထိုင်းမှိုင်းနေသော ခန္ဓာကိုယ်ကိုအားတင်းပြီး တံခါးသွားဖွင့်လိုက်ရသည် ။ ရောက်လာသူက Taehyung ...

" အဆင်ပြေရဲ့လား Jiminshi "

" ပြေပါတယ် "

" မင်း မပြေပါဘူး  ငါသိတယ် .. ဟိုကောင် အစောကြီး ငါ့ကို ဖုန်းခေါ်လို့ ဘာဖြစ်တာလဲဆိုပြီး ကိုင်လိုက်တာ အခန်းတံခါးဖွင့်ခိုင်းပြီး အထုတ်တွေယူပြီး အရင်ပြန်နှင့်မယ်ဆိုပြီး ပြန်သွားတာပဲ ငါလဲ အခြေနေ သဘောပေါက်လိုက်လို့ မမေးတော့ပဲ နေလိုက်တာ "

" အော် .. သူက ပြန်တောင်သွားပြီလား "

" ဘယ်လို ဖြစ်ကြတာလဲ ပြောပါအုံး "

" ငါ ညက ဘယ်လိုဖြစ်သွားလဲမသိဘူး သူ့ကို ခိုးနမ်းလိုက်မိတယ် သူမိသွားတယ်  ပြီးတော့ ... ငါ ဖွင့်ပြောလိုက်မိတယ် "

" ....... "

Taehyung တစ်ယောက် ပြောစရာစကားများမရှိ ။ Jimin ၏ ခံစားချက်ကိုလဲ နားလည်သည် ။ Jimin ကို သိပ်သနားမိသွားသည် ။ Jimin ၏ ခေါင်းလေးကို ပွတ်ပေးပြီး ပုခုံးပေါ်မှာ မှီခိုင်းလိုက်တော့တယ် ။ Jimin လဲ အားရပါးရ ငိုချလိုက်လေတော့သည် ။ အတန်ကြာအောင် ငိုချလိုက်ပြီးနောက်

" တော်ပြီ Jimin မငိုနဲ့တော့ ညကလဲ တညလုံးငိုပြီးပြီမလား မင်း လဲ သွားလိမ့်မယ် သွား ရေလေးဘာလေး ချိုးပြီးတော့ မနက်စာသွားစားကြမယ် "

" အင်းပါ "

•••••••••••••••••••••••••••••••••••••••••••••••••••••••

မနက်စာ စားတဲ့နေရာမှာ hyung တွေအကုန် ရောက်နေကြတာကို တွေ့ရသည် ။

" Jungkookie ရော "

Namjoon hyung ၏ အမေးစကားကြောင့် ဘာဖြေရမှန်းမသိ ဆွံ့အနေစဥ် ...

စစ်မှန်တဲ့ ချစ်ခြင်းWhere stories live. Discover now