< စစ်မှန်တဲ့ ချစ်ခြင်း >
(Unicode)
အပိုင်း (၁၅)
" တီ ... တီ .. တီ "
ဖုန်းမြည်သံ ကြားတော့မှ အိပ်ချင်မူးတူးနှင့် မောင့်ရင်ခွင်ထဲက ထွက်လိုက်ပြီး ကမန်းကတန်း ဖုန်းကို လိုက်ရှာရပါတော့သည် ။ မန်နေဂျာကြီး ဆီကပဲ ...
" ဟဲလို .. မန်နေဂျာကြီး "
" .... "
" ဟုတ် နိုးပါပြီ ဘာကိစ္စရှိလို့လဲ မန်နေဂျာကြီး "
" .... "
" အော် ဟုတ် ဟုတ်ကဲ့ အခု လာခဲ့ပါ့မယ် "
ဖုန်းချအပြီး ကလေးငယ်လေးတစ်ယောက်လို အပြစ်ကင်းစင်စွာ အိပ်နေသည့် မောင့် ကို လှည့်ကြည့် လိုက်သည် ။ အော် ချစ်ပြီးရင်းကို ချစ်နေရပါလား ယုန်ငယ်လေးရယ် ..1 min လောက် ထိုင်ကြည့်နေမိသည် ။ ကြည့်နေရင်း အနမ်းလေး တစ်ပွင့် ပေးလိုက်တော့သည် ။ သို့သော် တုတ်တုတ်မျှ မလှုပ်ပါ ။ အရမ်းအိပ်မောကျနေဟန် တူသည် ။ ဖြစ်နိုင်လျှင် သူ့ဘာသူ အလိုအလျောက် နိုးသည်အထိ ထိုင်ကြည့်နေလိုက်ချင်သည် ။ သို့သော် ထိုင်ကြည့်နေလို့တော့ မဖြစ်ချေ ။ နှိုးရဦးမယ် ..
" မောင် .. "
အသံလေးတိုးညှင်းစွာ ခေါ်လိုက်သည် ။ နိုးမလာပါ ။
" မောင်ရေ .. "
ထပ်ပြီး ခေါ်လိုက်တော့ မျက်လုံးလေး ပွင့်လာခဲ့ပြီ ။ အိပ်မှုန်စုတ်ဖွား မျက်နှာလေးနှင့် အရမ်းကိုချစ်ဖို့ကောင်းနေတော့သည် ။ ဟော မျက်လုံးပွင့်တာနဲ့ လူကို အတင်း ဆွဲဖက်တော့တာပဲ ။ ခန္ဓာကိုယ်လေး သူ့အပေါ် ယိမ်းကျသွားတော့သည် ။
" မောင် .. ထ တော့ ခုဏက မန်နေဂျာကြီး ဖုန်းဆက်တယ် Bang PD nim နဲ့ တခြား လူကြီးတွေက မောင်နဲ့ ခလေးကို တွေ့ချင်လို့တဲ့ "
" ဟင် .. ဟုတ်လား ဘာဖြစ်လို့တဲ့လဲ "
" မသိဘူး ဘာမှတော့မပြောဘူး တွေ့ချင်တယ်ပဲပြောတာ အဲ့ဒါ အခုသွားရမှာ ထ တော့ .. "
" အင်း အင်း ... ထပြီ ထပြီ "
၂ယောက်သား အိပ်ယာမှာ ထ လိုက်ကြတော့သည် ။ မနက်တိုင်း ထုံးစံအတိုင်း ပေးနေကျ morning kiss လေး ပေးတော့သည် ။ kiss ပေးပြီးတာနဲ့ ၂ယောက်သား အိပ်ယာထဲမှ ကုန်းရုန်း ထကြတော့သည် ။