{ Unicode }
< စစ်မှန်တဲ့ ချစ်ခြင်း >
အပိုင်း (၃)
ဒီနေ့ တပတ်ပြည့်ပြီ Test 1 စစ်ဆေးရမည့်နေ့ပင်ဖြစ်သည် ။ စိတ်လှုပ်ရှား နေပြီ ။ အကောင်းဆုံးလဲ ပြင်ဆင်ခဲ့ပြီးပါပြီ ။ Trainer များ၏ အကောင်းဆုံးသင်ကြားပေးမှုများကိုလဲ လိုက်နာ ရမည်ဖြစ်သည် ။ အတွေးများကလဲ နယ်ချဲ့နေမိသည် ။ Test 1 အောင်ပါ့မလား ဘူဆန်ကို ပြန်ရမှာလား ? သို့လော သို့လော ....
" မင်း စိတ် လှုပ်ရှားနေလား "
အကို Jung Hoseok ၏ အမေးစကားကြောင့် အတွေးနယ်ချဲ့နေသည်များကို ရပ်လိုက်ရသည် ။
" ဟုတ်တယ် အကိုရာ အကိုရော စိတ်မလှုပ်ရှားဘူးလား "
" အင်း ငါလဲ စိတ် လှုပ်ရှားတာပေါ့ကွာ Fighting ကွာ "
" ဟုတ်အကို fighting !! "
••••••••••••••••••••••••••••••••••••••••
Test 1 ကို ၉၆ယောက်လုံး အောင်မြင်စွာ ယှဥ်ပြိုင်ခဲ့ကြအပြီး
ညနေ ၆ နာရီတွင် result များ ကြေငြာမည် ဆိုသောကြောင့် ယှဥ်ပြိုင်မှု အပြီးတွင် ခဏတာ ငြိမ်သက်သွားသည့် နှလုံး တို့ ပြန်ခုန် လာရတော့သည် ။" Vocal သမားတွေတော့ result ကြေငြာပြီးပြီတဲ့ "
အကို Hoseok ၏ စကားကြောင့် ရင်ခုန်သံတွေ ပေါက်ကွဲ ထွက်မတက်ပင် ။ ရင်ခုန်သံများနှင့်အတူ စိုးရိမ်မှု တို့ပါလာခဲ့သည် ။ Taehyung ရော taehyung ပါသွားလား ပြီးတော့ ... ပြီးတော့ ယုန်ငယ်လေးရော ??
" Dancer သမားတွေ result ကပ်ပြီတဲ့ Jimin ရေ "
အကို Hoseok လဲ စိတ်လှုပ်ရှားနေဟန်တူသည် ။
" လာဗျာ သွားကြည့်ရအောင် "
အကို hoseok ကို ဆွဲခေါ် ကာ လူကြားထဲ အတင်းတိုးဝှေ့ပြီး နာမည်နှင့် ကုဒ်နံမည်ကို လိုက်ရှာနေတော့သည် ။ နာမည်ကိုမတွေ့ရသဖြင့် ဇောချွေးများပင်ပြန်လာပြီ ။
" Jiminshi ဒီမှာ ဒီမှာ မင်းရော ငါရော ပါတယ် "
ဇောချွေးတွေနှင့်အတူ လက်များပင် တုန်ရီနေသည့်အခိုက် အကို Hoseok ၏ စကားသံကြောင့် လိုက်ရှာကြည့်မိရာ ... အမှန်တကယ်ပင် သူရော ကျနော် ရော ပါလာချေပြီ။ ပျော်လွန်း၍ ၂ယောက်သား ဖက်ပြီး မျက်ရည်များပင် ကျခဲ့ရသည် ။ ဒီ သတင်းကောင်းကို အိမ်ကို အသိပေးရမည် ။ အကို hoseok ရော ကျနော်ရော အိမ်ကို အသီးသီး ဖုန်းဆက်ကြပြီး ဝမ်းသာမျက်ရည်များပင် ကျခဲ့ရပါတော့သည် ။
စိတ်အခြေနေတွေ တည်ငြိမ်လာပြီဆိုတော့မှ Vocal သမားတွေဖြစ်တဲ့ သူငယ်ချင်း Taehyung နှင့် ကျနော်ရဲ့ ယုန်ငယ်လေး Jeon Jungkook တို့ရော အယောက်၅၀ထဲပါသည်ကို ကြားလိုက်ရတော့ ရင်ထဲမှာ အတိုင်းမသိဖြစ်ခဲ့ရပါတော့သည် ။ ဝမ်းသာစိတ်က တဖက် ကြည်နူးမှုက တစ်ဖက်ဖြစ်နေပါတော့သည် ။ ပြုတ်ကျန်ခဲ့သည့် ၄၆ ယောက်ထဲတွင် ညီကိုများ သူငယ်ချင်းများပါသွားရသဖြင့်လဲ အတော်ပင် ဝမ်းပမ်းတနဲ ဖြင့် ငိုကြွေးခဲ့ရပါသေးသည် ။