အပိုင်း (၁၉)

1.4K 127 1
                                    

< စစ်မှန်တဲ့ ချစ်ခြင်း >

(Unicode)

အပိုင်း (၁၉)

Oct 13 , 2018 ... ကျနော့်မွေးနေ့လဲ ဖြစ်သလို Seoul မှာ ဖျော်ဖြေရမဲ့ concert လဲ ရှိနေခဲ့တယ် Hyung တို့ concert မှာပဲ surprise လုပ်မယ်ဆိုတာ သိနေပါတယ် ... ဒီလိုနဲ့ concert စ ခါနီး ဖေဖေ့ဆီက နှစ်တိုင်း ရနေကြ မွေးနေ့ကိတ်နဲ့ ပန်းစည်းကို ရလိုက်တယ် ဖယောင်းတိုင်မှုတ် concert ကြီး အဆင်ပြေပြေ ပြီးပါစေ ဆုတောင်းရင်း ကိတ်လေးခွဲပြီး show ကို စတင် လိုက်ကြပါတော့သည် ။ အဖွဲ့လိုက် performace လဲလုပ် တစ်ယောက်ချင်းစီလဲ ကိုယ်ပိုင်သီချင်းကို  solo လဲ ဆို ကြသည် ... ကျနော့် အလှည့် serendipity သီချင်းလေးဆိုရမည့်အလှည့် ... ပုံမှန်ပဲ performance လုပ်နေရင်း ရုတ်တရက် ....

" ဝုန်း ... "

တစ်လောကလုံး မှောင်အတိ .. တစ်ကွင်းလုံး မှောင်ကြသွားလေသည် ။ ဘာဖြစ်တာလဲ ?? ​​ဖျော်ဖြေခဲ့တဲ့ တစ်လျှောက်လုံး ဒီလိုအဖြစ်ပျက်မျိုး တစ်ခါမှ မဖြစ်ဖူး ... အသံတွေလဲ အကုန်တိတ်ဆိတ် လို့ .. Army တွေလဲ လန့်နေကြလို့ထင်တယ် အသံလေးတွေ တစ်စ တစ်စ ထွက်လာတော့သည် ... ထိုစဥ် LED borad မှ အလင်းရောင် ..

" ဟင် .. "

ဖေဖေနဲ့မေမေ ရဲ့ video file .. အံ့သြသမှု နှင့် ငေးကြည့်နေမိသည် ...

" သားငယ်လေး Jiminie ... Happy Birthday ပါနော် မွေးနေ့ကနေစလို့ ကျန်တဲ့ဘဝတစ်လျှောက်လုံး အမြဲ ပျော်ရွှင်ရပါစေ သားတို့ရဲ့ အောင်မြင်မှုကလဲ တစ်စ တစ် ဒီထက်မက တိုးများပါစေ .. ပြီးတော့ သားချစ်တဲ့ ချစ်သူနဲ့လဲ တစ်သတ်လုံး ပျော်ပျော်ရွှင်ရွှင်လက်တွဲသွားနိုင်ပါစေ .. "

ထိုအသံများ အဆုံး Army များရဲ့ ထံမှ အော်သံ အားပေးသံ လက်ခုပ်တီးသံများ ဆူညံသွားတော့သည် ... video file ကမပြီးသေးး

" သားကိုမွေးနေ့ လက်ဆောင်အနေနဲ့ မေမေတို့ ပေးချင်တာက သားတို့၂ယောက်ကို မေမေတို့ သဘောတူတယ် ဆိုတာပါပဲ ပထမက သား ခွင့်တောင်းတုန်းက မေမေတို့မှာ လက်မခံနိုင်ကြလို့ စိတ်ဒဏ်ရာ ရခဲ့ကြတယ် အဲ့ဒါကြောင့် သားကို မေမေတို့ စိတ်ဆိုးခဲ့ကြတာ အဲ့အတွက်လဲ မေမေတို့ နောင်တရမိပါတယ် သားလေး စိတ်မချမ်းမသာနဲ့ နေနေရတယ်ဆိုတာ သိရတော့ မေမေတို့ ရင်တွေ နာရပါတယ် .. နောက်တော့ သားမက်လေးရဲ့ ဇွဲ လုံ့လ ကြောင့် မေမေတို့မှာ သားတို့ကို သဘောမတူပဲ မနေနိုင်တော့ပါဘူး သားငယ်လေး အမြဲ ပျော်နေတာပဲ မြင်ချင်တယ် .. သားလေပျော်ဖို့ဆို မေမေတို့ အကုန် လိုက်လျောပေးနိုင်ပါတယ် ... သားတို့ကို မေမေတို့ သဘောတူပါပြီကွယ် ... သားကို သိပ်ချစ်တယ်နော် "

စစ်မှန်တဲ့ ချစ်ခြင်းWhere stories live. Discover now