< စစ်မှန်တဲ့ ချစ်ခြင်း >
(Unicode)
အပိုင်း (၁၈)
" ကျွီ .. "
" ဟင် ကား ဘာလို့ရပ် "
" ပြောစရာ ရှိလို့ "
" အင်း ပြောလေ "
" လာပါ ရှေ့နားလေး နည်းနည်း တိုးပါအုံး ဖက်ထားချင်လို့ "
သူပြောတဲ့အတိုင်း ရှေ့နားလေး တိုးပေးလိုက်တော့ သိုင်းဖက်လိုက်လေသည် ။ ပြီးတော့ ရုတ်တရက် ရှိုက်သံ သဲ့သဲ့လေး တစ်ခု ကြားလိုက်ရသည် ။
" မငိုပါနဲ့ မောင်ရယ် ... "
" အရမ်း ချစ်တယ် ခလေးရယ် အရမ်းလဲ ကျေးဇူးတင်ပါတယ် .. တကယ် အများကြီးကို ကျေးဇူးတင်ပါတယ် မောင့်ရဲ့ အခု ၂၁ နှစ်ပြည့် မွေးနေ့ လက်ဆောင် က ဘဝမှာ တန်ဖိုးဖြတ်လို့မရတဲ့ လက်ဆောင်ပါ "
ဖက်ထားတာလဲ မလွှတ်ဘဲ ပြောရင်း ခလေးတစ်ယောက်လို ရှိုက်ရှိုက် ငိုနေတဲ့ မောင့်ကိုကြည့်ပြီး ကျနော့မျက်ရည်တွေ ဘယ်လို ထိန်းလို့ရတော့မှာလဲ ...
" မာမီ့ .. ကို .. အရမ်း .. လွမ်း .. နေ .. ခဲ့ .. တာ "
ရှိုက်ငိုသံကြီးနဲ့ ပြောလိုက်တော့ ရင်ထဲမှာ စို့တက်သွားပါတော့သည် မောင် ရယ် .... ဘယ်လို နှစ်သိမ့်မှုမျိုး ပေးရမလဲ မသိတော့ပါ
" ခလေးကြောင့်သာ မဟုတ်ရင် Mommy ကို ဘယ်အချိန်မှ ပြန်ခေါ်ဖြစ်မယ် မသိတော့ဘူး ကျေး.. ဇူး .. တင် .. ပါ ..တယ် ခလေးရယ် ... "
ရှိုက်သံကြီးနဲ့ ပြောပြောပြီး ခလေး တစ်ယောက်လို ငိုနေပါတော့သည် ..
" ပြီးတော့ ပြီးတော့လေ .. မောင်တို့၂ယောက်ကိုသဘောတူပါတယ် ဆိုတဲ့ ခွင့်ပြုချက်လေးက မောင့် ဘဝ ရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးပါ Mommy တို့ Daddy တို့ဆီက မွေးနေ့လက်ဆောင်တွေအများကြီး ရခဲ့ဖူးပါတယ် ဒါပေမဲ့ ဒီတစ်ခါပေးတဲ့ မွေးနေ့ လက်ဆောင်က မောင့်အတွက် အကြီးမားဆုံး ဆုလာဘ်ကြီးပါ ... "
ကျနော့်ကိုဖက်ရင်း ငို လိုက် ပြောလိုက် နှင့် အချိန်အတန်ကြာအောင်ငိုနေတော့သည် .. မိဘတွေရှေ့မှာ ထိန်းထားသမျှ မျက်ရည်တွေက အခုမှ ထွက်လာဟန်တူသည် ... သူနဲ့အတူ လိုက်ငိုမိပါတော့သည် ။ အချိန်အတော်ကြာပြီးသည့်နောက် ...