အပိုင်း (၁၄)

1.7K 157 1
                                    

< စစ်မှန်တဲ ချစ်ခြင်း >

(Unicode)

အပိုင်း (၁၄)

" အော် အဲ့ဒါကတော့ မောင်လဲမသိဘူး ခလေးရဲ့ မိန်းကလေးအစစ်နဲ့ တွဲတာကိုလဲ feel မလာဘူး ပြီးတော့ ခလေး ကိုလဲ Yoongi hyung နဲ့ အဲ့လိုတွေ တွေ့ရတော့ သဝန်တို သလိုတွေဖြစ်လာတာ မောင့်ကိုချစ်တယ်လဲပြောသေးတယ် သူကျတော့ တခြားလူနဲ့သာယာနေတယ်ဆိုပြီး သဝန်တွေတိုလာတာ ပြီးတော့ ခလေး နဲ့ပြသနာဖြစ်နေတဲ့အချိန်တုန်းကမှ ခလေးရဲ့ တန်ဖိုးတွေသိလာတာ မောင့်အပေါ် ခလေးလောက် ချစ်ပေးနိုင်လူ မရှိဘူး "

" အော် .. အဲ့လိုလား ... အဟိ "

" အော် ကျန်သေးတယ် ကိုယ်ရေမကူးတက်တာတောင် ဂရုမစိုက်ဘဲ မောင့်အသက်ကို ကယ်ခဲ့ပေးတာကိုကြည့်ပြီး ခလေး က မောင့်ကို အရမ်းချစ်တာပါလားဆိုပြီး ခလေးအချစ်တွေကို မြင်လာရင်းး နဲ့ .... ဟင်းးး  "

" ချစ်မိလာတယ် ဆိုပါတော့ "

" ဒါပေါ့ မောင့် ခလေးလေးရဲ့ ချစ်မိလာတာပေါ့ "

" ပျော်သွားပြီ ... "

" ခလေးက မောင့်ကိုအများကြီးချစ်ပြီးပြီဆိုတော့ အခုတခါတော့ မောင့်အလှည့် မောင်က အများကြီး ဂရုစိုက်ပေးပြီး အများကြီးပိုချစ်မယ်နော် "

" ဟုတ် ... သူများတွေကရော မောင်နဲ့ခလေးတွေကို သဘောတူပါ့မလား "

" သဘော တူတူ မတူတူကွာ မောင်ကတော့ ခလေးကို ကမ္ဘာအဆုံးထိ ချစ်မှာပဲ "

" အင်းပါ အင်းပါ မောင်ရယ် "

" လာ အိပ်ကြရအောင် အချိန်တွေတောင် နောက်ကျနေပြီ "

" ဟုတ် "

မောင့် လက်မောင်းလေးပေါ်မှာပဲ ခေါင်းအုံးပြီး နှစ်ခြိုက်စွာ အိပ်မော ကျသွားပါတော့သည် ။

•••••••••••••••••••••••••••••••••••••••••••••••••••

Tokyo ရဲ့ မနက်ခင်း နေရောင်လေးက လှလိုက်တာ ညက အချစ်စမ်းခဲ့ကြသဖြင့် မနက် အိပ်ယာထ နောက်ကျခဲ့တော့သည် ။ ပြန်တွေးကြည့်မိတာတောင် အခုထိ ရင်ခုန်နေတုန်း ...

" ဟင် ... ဘယ်ရောက်သွားတာလဲ "

ဘေးမှာ ကျနော့ရဲ့ မောင် ရှိမနေပါ ။ ရုတ်တရက် မတွေ့ရသဖြင့် အိပ်ယာမှ ကုန်းထ လိုက်ပြီး ရေချိုးခန်းထဲ လိုက်ရှာမိတော့သည် ။ မနက် မျက်လုံးပွင့်တာနဲ့ အရင်ဆုံးမြင်ချင်တာ မောင့်ကိုပါ .. အခုတော့ ဘယ်ရောက်သွားတာလဲ စိတ်ထဲ ဝမ်းနည်းသလို ဖြစ်သွားရတော့သည် ။ ဝမ်းနည်းနေခိုက် စားပွဲပေါ်မှ စာတိုလေးတစ်စောင် ကိုတွေ့လိုက်၍ ကောက်ဖတ်လိုက်စဥ်

စစ်မှန်တဲ့ ချစ်ခြင်းWhere stories live. Discover now