< စစ်မှန်တဲ့ ချစ်ခြင်း >
အပိုင်း (၁၀)
(Unicode)
" ဗွမ်း ဗွမ်း ... ဗွမ်း "
ဟင် ယုန်ငယ်လေး တစ်ယောက် ဘာဖြစ်တာလဲ တယောက်ထဲ ရုန်းရင်းဆံခက် ဖြစ်နေတာပဲ ဘာပြဿနာရှိလို့ပါလိမ့် ။ ကျနော် တစ်ယောက်ထဲ မေးခွန်းပေါင်းများစွာနှင့် ဗျာများနေတုန်း သတိရမိလိုက်သည် ။ ကြွက်တက်တာ ဖြစ်မယ် ဆိုပြီး ချက်ချင်းသိလိုက်ရသဖြင့် အကူညီ တောင်းရန် ဘေးဘီ လိုက်ရှာကြည့်မိသည် ။ မည်သူ တစ်ဦးတစ်ယောက်မျှမတွေ့ ။ မဖြစ်တော့ဘူး ။ ဒီအနီးနားမှာ ဘယ်သူမှ မရှိဘူး ငါ မှ မကယ်ရင် ယုန်ငယ်လေး ဒုက္ခရောက်လိမ့်မယ် ။
" ဗွမ်းး ... "
••••••••••••••••••••••••••••••••••••••••••••••••••••••••
အရူး !! အရပ်ပုသလောက် လူကလဲ တုံးပါ့ ။ သူ့ကြည့်တော့ ရေလဲ မကူးတက်ဘဲ ရေထဲ ဆင်းချလိုက်တယ် ။ ဘာဖြစ်မယ်ဆိုတာ မသိဘူးလားမသိဘူး ။ တော်သေးတာပေါ့ V hyung က ဖုန်းပြောရင်း လမ်းဆင်းလျှောက်တာနဲ့ ကြုံလို့ပေါ့ ။ မဟုတ်ရင် ၂ယောက်လုံး ဒုက္ခရောက်နေတော့မှာ ။ ခများက ဘာမှလဲ သေချာမသိတဲ့ အရူး ပဲ ။ စိတ်ထဲက အကြိုက် ပြောနေလေတော့သည် ။ အခုတော့ ကောင်းကောင်းကို အိပ်ပျော်နေပြီ ။ ဒီလူ အိပ်နေတာ သေချာကြည့်တော့မှ မျက်လုံးလေးတွေက မို့မို့ဖောင်းဖောင်းလေးတွေနဲ့ နှုတ်ခမ်းလေးကလဲ ဖူးဖူးလေး ပါလား ။ ဒီလူ တော်တော် လှတာပဲ ။ လက်လေးတွေကိုလဲ ကြည့်ပါအုံး ။ ဖောင်းဖောင်းအိအိနဲ့ ပုပုလေးတွေ ။ လူပုသလောက် လက်လေးတွေလဲ ပုတာပဲ ။ ဒီလူနဲ့ ၇ နှစ် ၈ နှစ်လောက် အတူ နေခဲ့တာတောင်မှ ဒီလူ ဒီလောက်လှမှန်း တစ်ခါမှ မသိခဲ့ဘူး ။ သေချာ ကြည့်တော့ လှသားပဲ ။ မဟုတ်ဘူး မဟုတ်ဘူး စွဲဆောင်မှု ရှိနေတာ ။ စိတ်ထဲကနေ ဒီလူရဲ့ အစိတ်အပိုင်းတွေကို သေချာကြည့်ပြီး ဝေဖန်နေမိတော့သည် ။ ထိုစဥ် ...
" အ .. အာ "
" နိုးပြီလား အရူး "
" ဟင် ... ယုန် ... အဲ Jungkook ah ဘယ်လိုရောက်နေတာလဲ "
" ခများ သတိမရသေးလို့လေ စောင့်နေပေးတာ "
" အခု ဘယ် ချိန် ရှိပြီလဲ "