အပိုင်း (၉)

1.6K 166 0
                                    

< စစ်မှန်တဲ့ ချစ်ခြင်း >

(Unicode )

အပိုင်း (၉)

ဒီရက်ပိုင်း Yoongi hyung နှင့် အလုပ်ရှုပ်ဖြစ်နေသည် ။ သီချင်း အတူတူ လုပ်ဖို့ ရှိတာကြောင့် recording သွင်းကြ သီချင်းအကြောင်း ဆွေးနွေးကြနှင့် အလုပ် ရှုပ်နေတော့သည် ။ Yoongi hyung နှင့် သီချင်းထွက်ဖို့ရှိတာကို တခြား member များလဲ ရင်ခုန်စွာ စောင့်မျှော်နေကြသည် ။ တခြား member hyung တွေလဲ solo song လေးတွေ လုပ်ဖို့ရှိတော့ အားလုံး လိုလို ကိုယ့်အလုပ်နှင့်ကို ရှုပ်နေကြတော့သည် ။ အလုပ်မရှုပ်ဘဲ လွတ်နေတာက ယုန်ငယ်လေးပင် ဖြစ်သည် ။ စိတ်မပါသေးဘူးဟု ဆိုကာ ယောင်နေတော့သည် ။ အပြင်တွေလဲ တစ်ယောက်ထဲ ခနခန ထွက် နေတက်တော့သည် ။ Jungkook Dating သတင်းတွေကလဲ ထွက်ပြီးရင်းကို ထွက်နေတော့သည် ။ သတင်းစာတွေရော Facebook , Twitter မှာပါမကျန် social media တွေတိုင်းမှာကို dating သတင်းတွေ ဆက်တိုက်ထွက်နေတော့သည် ။ ယုန်ငယ်လေး ဘာလို့ ဒီလို ဖြစ်သွားတာလဲ ?? ကျနော့် ပရောဂ များပါနေသလား ? မစဥ်းစားတက်တော့ချေ ။
တစ်ရက်တွင် memberတွေအကုန်အတူတူ Dinner စားကြတဲ့တစ်ရက်တွင် အားလုံး ပျော်ပျော်ပါးပါး စားသောက်နေကြသော်လည်း ယုန်ငယ်လေးတစ်ယောက်ထဲ မျက်နှာက တည် နေတာ ကြောက်ဖို့တောင် ကောင်းနေလေသည် ။ hyung တွေအကုန် သူ့ကို ဂရုတစိုက် မေးကြသော်လည်း ဘာမှမဖြစ်ဘူးသာ ပြောလေ့ရှိသည် ။ ယုန်ငယ်လေးက ရီလိုက်ပြုံးလိုက်ရင် ပျော်နေရင် အရမ်းဖြူစင်ပြီး ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းလှသည် ။ သို့သော် Hawaii မှ ပြန်လာထဲက ထိုအပြုံးမျိုး ထို ပျော်ရွှင်မှုမျိုး သူ့ထံတွင် မတွေ့ရတော့ချေ ။ ကျနော့်ရဲ့အပြစ်တွေပဲ ဖြစ်မှာပါ ဗျာ ။ ကျနော် ချစ်တဲ့လူ တစ်ယောက်ရဲ့ မျက်နှာပေါ်က အပြုံးတွေကို ကျနော်ပဲ ဖျက်စီးလိုက်မိပြီ ။ ကျနော် တစ်ယောက်ထဲ စိတ်မကောင်းခြင်းများစွာနှင့် အတွေးလွန်နေလေတော့သည် ။

" Yoonmin တဲ့ ဘယ်သူလဲကွ "

Hobi hyung တစ်ယောက် Dinner စားရင်း Twitter သုံးနေရင်းက ရုတ်တရက် ထ ဖတ်လိုက်တော့ အားလုံး ကြောင်သွားကြသည် ။

" အာ အဲ့ဒါ Yoongi နဲ့ Jimin ကိုပြောတာ ဖြစ်မယ် အခုတလော အဲ့လိုနာမည် လေးတွေပူးပြီးခေါ်တာတွေတွေ့တွေ့နေရတယ် ဘာလို့လဲမသိဘူး "

စစ်မှန်တဲ့ ချစ်ခြင်းWhere stories live. Discover now