အပိုင်း (၂)

2.6K 231 1
                                    

{ Unicode }

< စစ်မှန်တဲ့ချစ်ခြင်း >
~~~~~~~~~~~ အပိုင်း (၂) ~~~~~~~~~~~~

1.5.2010 ဒီနေ့ .... ကျွန်တော့်အိမ်မက်တွေ အကောင်ထည်ဖော်နိုင်ရန် ခြေလှမ်းစလှမ်းသည့်နေ့ပင် ဖြစ်ပါတော့သည် ။  အထုတ် ၁ထုတ် ကို လက်ကဆွဲလျက် Big Hit company ရှေ့သို့ နောက်တကြိမ် ထပ်မံရောက်လာခဲ့ရပါတော့သည် ။  ဘူဆန်မှ အထုတ်၁ထုတ်နှင့် သားအမိသားဖ ၃ယောက် seoul သို့ တက်ကြွသောခြေလှမ်း ယုံကြည်ချက်တွေနှင့်အတူ လာခဲ့ရသည့် ဒီနေ့အား ဘယ်တော့မှ မေ့မည် မဟုတ်ပါ ။ Company ရှေ့သို့ ရောက်သော် မေမေနှင့်ဖေဖေကို နှုတ်ဆက်ရပါတော့မည် ။

" သားလေး အကောင်းဆုံးကြိုးစားနော် ဖေဖေတို့ သားဘက်မှာရှိတယ် သားဖြစ်ချင်တဲ့ idol ကြီး တစ်ယောက်ဖြစ်အောင် ကြိုးစားပါ သား "

ဖေဖေ့၏ စကားများအဆုံး မေမေ့ထံမှ မျက်ရည်လေးစက်လက်နှင့် အသံတေ တုန်ရီစွာ ထွက်လာသည် ။

" သားး ကျန်းမာရေးလဲ ဂရုစိုက် နော် အကလေ့ကျင့်တာလဲကျင့်ပေါ့ နေကောင်းဖို့က အရေးကြီးတယ်နော်  တစ်ခုခုဆို ဖုန်းသာဆက်လိုက် မေမေ တို့ ချက်ချင်း လာခေါ်မယ် "

"  ဟာ  မေကြီးကလဲကွာ သားကို အားလျော့မဲ့စကားတွေမပြောပါနဲ့ သားလေးက idol ကြီး တယောက် ဖြစ်ကို ဖြစ်လာမှာ  ယုံကြည်တယ် "
" အင်းပါ ယောကျ်ားရယ် မိန်းမက သားကိုစိတ်ပူလို့ ပြောတာပါ သား အသက် အခု ၁၅နှစ်ထိ တစ်ခါမှ ခွဲဖူးတာမှ မဟုတ်တာ "

"  ဟုတ်ပါတယ် မေမေရာ ဘာမှ တွေးပူမနေနဲ့တော့နော် သားအကောင်းဆုံး ကြိုးစားမယ်  တစ်ခုခု ဆိုလဲ ဖုန်းဆက်လိုက်မယ် အဲ့ခါကျ လာခေါ်နော် ဟုတ်ပြီလား ကဲ မေမေလဲ မငိုနဲ့တော့ ပင်ပန်းနေလိမ့်မယ် "

" အင်းပါ အင်းပါ ငါ့သားလေး "

မေမေက ရင်ခွင်ထဲ ထည့်ပြီး မျက်ရည်လေး စက်လက်နှင့် ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်တော့ မေမေ့ကိုရော ဖေဖေ့ကို နှုတ်ဆက်အနမ်းလေး ပြန်ပေးလိုက်တော့သည် ။ 15 မိနစ်ခန့်လောက် နှုတ်ဆက်ပြီးနောက် company ထဲသို့ဝင်ရန် အချိန်ရောက်လာပါပြီ ။

" မေမေနဲ့ ဖေဖေ သွားတော့နော် သားဝင်ရတော့မယ် ဂရုစိုက်ပြန်ကြနော် ဖေဖေ .. မေမေ့ကို ပိုပြီး ဂရုစိုက်ပေးပါနော် "

စစ်မှန်တဲ့ ချစ်ခြင်းWhere stories live. Discover now