(Unicode Version)
"ဒယ်ဒီ..."နားထဲကို ခပ်တိုးတိုးဝင်လာတဲ့ အသံတစ်ခုကြောင့် ကျွန်တော် အိပ်ပျော်နေရာက နိုးထလာခဲ့ရတော့သည်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးတွေကို လက်နဲ့ ပွတ်သပ်ရင်း ခေါ်နေသူ ငသစ်ကို လှမ်းကြည့်လိုက်မိသည်။
"ဘာလဲ!?"
"သူ မနိုးသေးခင် ရေချိုးထားလိုက်။"
ငသစ်က 'ရန်နောင်'ကို ရည်ညွှန်းပြီး ပြောနေခြင်းပင်။ အချိန်ကို လှမ်းကြည့်လိုက်တော့လည်း နံနက် (၄)နာရီသာ ရှိသေးသည်။
"ဟ...ဒီလောက် အစောကြီးကို ဘာလို့ ရေထချိုးရမှာလဲ!? အေးတယ်လေ။"
"ဒယ်ဒီ အေးမှာစိုးလို့ ကျွန်တော် ရေနွေးစပ်ပေးပြီးပါပြီ။ မြန်မြန်ချိုးလိုက်နော်။"
"ငါ အိပ်ချင်နေသေးတယ်။ ရေမချိုးချင်သေးဘူး။"
"ရေချိုးပြီးမှ ပြန်အိပ်လိုက်ပါ...ဒယ်ဒီရယ်။"
နောက်ဆုံးမှာ ငသစ်ရဲ့ဂျီကျမှုကို မခံနိုင်ဘဲ ကျွန်တော် ရေချိုးခဲ့ရတော့သည်။ ရေချိုးခန်းထဲကနေ ပြန်ထွက်လာတဲ့ ကျွန်တော့်ကို ငသစ်က တဘက်တစ်ထည်နဲ့ အဆင်သင့်စောင့်နေခဲ့ပြန်သည်။
"ရေသုတ်ပြီးရင် ကျွန်တော် ထုတ်ပေးထားတဲ့ အင်္ကျီလေးကို ဝတ်လိုက်နော်။"
ငသစ်ရဲ့ထူးဆန်းတဲ့ အပြုအမူတွေကြောင့် ကျွန်တော် မနေနိုင်ဘဲ မေးကြည့်လိုက်မိသည်။
"မင်း ဘာလို့ ဒါတွေကို လိုက်လုပ်ပေးနေတာလဲ!?"
"ဒီအခန်းထဲမှာ ကျူးကျော်သူရောက်နေတယ်လေ။ ကိုယ် ပိုင်တဲ့ပစ္စည်းလေးတွေကို ထိန်းသိမ်းထားရမှာပေါ့။"
'ရန်နောင်'သာ ငသစ်ရဲ့စကားကို ကြားသွားလို့ကတော့ ပြဿနာတက်ကြဦးမှာ အသေအချာပင်။ ကျွန်တော်လည်း သူ ထုတ်ပေးထားတဲ့ အဝတ်အစားတွေကို ဝတ်ပြီး ပြန်အိပ်ဖို့ ကြိုးစားလိုက်ရတော့သည်။
"အေးနေရင် ကျွန်တော် ဖက်ထားပေးမယ်လေ။"
"မလိုပါဘူး။ ငါ့ဘာသာငါ စောင်ခြုံအိပ်လို့ ရတယ်။"
YOU ARE READING
ရှားရှားပါးပါး (Once In A Blue Moon)
Romance𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... 💗Start - 27.10.2020 End - 21.12.2020💗