(Unicode Version)
တစ်လတာခန့်ကြာပြီးချိန်မှာ ငသစ်ရဲ့ရုပ်ရှင်ကားကို ရုံတင်ပြသနိုင်ခဲ့လေသည်။ အထူးပွဲမှာ ကျွန်တော်တို့တစ်မိသားစုလုံး ကြည့်ခွင့်ရဖို့ 'မဒေလီယာ'က စီစဉ်ပေးထားခဲ့တာမို့ တခြားနာမည်ကြီး မင်းသား၊ မင်းသမီးတွေကိုလည်း တွေ့ခွင့်ရခဲ့သည်။"ငါ့မြေးလေးက သူတော်ကောင်းတွေနဲ့ တွေ့ခဲ့တာပဲ။ ဒေလီယာဆိုလည်း မြေးလေးကို အရမ်းဂရုစိုက်ရှာတာ။"
"ဟုတ်တယ်နော်။ ဒီလိုပွဲမျိုးမှာ အခမဲ့ကြည့်ခွင့်ရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးမှ မဟုတ်တာ။ သားလေးက အရမ်းကံကောင်းတယ်။"
မေမေနဲ့ မမက 'မဒေလီယာ'ကို ချီးမွမ်းနေကြပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ အပူမီးတစ်ခုက အစ,ပျိုးလာသလို ခံစားလိုက်ရပြန်သည်။ သူ့အတွက် ဘာမှမလုပ်ပေးနိုင်တဲ့ ကိုယ့်ဘဝကိုယ် အားမလိုအားမရ ဖြစ်နေမိသလိုပင်။
"ဟော...ပြောနေရင်းနဲ့ ဒေလီယာတောင် ပြန်လာပြီ။"
မေမေ့အသံကြောင့် ကျွန်တော် လှမ်းကြည့်မိချိန်မှာ 'မဒေလီယာ'နဲ့ 'ဝသန်'ကို တွေ့လိုက်ရလေသည်။ 'ဝသန်'ကလည်း ထုံးစံအတိုင်း ကျွန်တော့်ဆီ အပြေးလာပြီး ပတ်ချွဲနှပ်ချွဲ စတင်ပြောလေတော့သည်။
"တီလေး...သား ကိုကိုနဲ့ အတူတူထိုင်ချင်တယ်။"
ကျွန်တော့်ညာဘက်မှာ 'ကိုဦး'က ထိုင်နေပြီး ဘယ်ဘက်မှာ ငသစ်က ထိုင်နေတာမို့ 'ဝသန်'က 'မဒေလီယာ'ကို အပူကပ်ပြီး ထိုင်စရာဖန်တီးခိုင်းလိုက်လေသည်။ ထိုကိစ္စကို ကြားသွားတဲ့ 'ကိုဦး'က မမရဲ့ဘေးကို နေရာရွှေ့ပေးလိုက်ပြီး 'ဝသန်'အတွက် နေရာပေးခဲ့သည်။
"ဝသန်...နင်ဟာလေ...လူကြီးတွေကို နေရာလိုက်ရွှေ့ခိုင်းနေတယ်။ အဲဒါကြောင့် နင့်ကို ခေါ်မလာချင်တာ။"
'မဒေလီယာ'ရဲ့ဆူပူမှုက 'ဝသန်'အတွက် ပန်းနဲ့ပေါက်နေသလိုပဲမို့ ဂရုမထားဘဲ ကျွန်တော့်ဘေးမှာ အသည်းအသန် ဝင်ထိုင်ပြီး အလယ်က တန်းကို ဖယ်လိုက်လေသည်။ 'မဒေလီယာ'ကလည်း 'ဝသန်'ကို ပြောလို့မနိုင်ဘဲ ငသစ်ရဲ့ဘယ်ဘက်အခြမ်းမှာ ဝင်ထိုင်လိုက်ရတော့သည်။
![](https://img.wattpad.com/cover/240007389-288-k132840.jpg)
ESTÁS LEYENDO
ရှားရှားပါးပါး (Once In A Blue Moon)
Romance𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... 💗Start - 27.10.2020 End - 21.12.2020💗