(Unicode Version)
ခရီးစဉ်ပထမနေ့-ပထမဆုံး လေယာဉ်စီးဖူးတာမို့ စိတ်လှုပ်ရှားမိတာက တစ်ကြောင်း၊ (၃)နာရီကြာတဲ့အထိ စီးခဲ့ရတာက တစ်ကြောင်း...စတဲ့ အကြောင်းတွေကြောင့် ဒီငါးရက်အတွင်း တည်းခိုရမယ့် ဟိုတယ်ခန်းထဲကို ရောက်ရှိချိန်မှာ အထုပ်ကို ချထားခဲ့ပြီး ကုတင်ပေါ် ခြေပစ်လက်ပစ်သာ တက်လှဲလိုက်မိတော့သည်။
ဟိုတယ်ခန်းပုံစံ
"လေယာဉ်စီးရတာ တော်တော်ပင်ပန်းသွားပုံပဲ။"ကျွန်တော့်ဘေးမှာ ဝင်လှဲရင်းနဲ့ နှာခေါင်းဖျားကို ငသစ်က လက်ဖြင့် လှမ်းထိခဲ့လေသည်။
"ဘာမှလာမပြောနဲ့။ ငါ အနားယူချင်တယ်။"
"ကောင်းပါပြီဗျာ။"
ခဏအကြာမှာ ခရီးပန်းလာတဲ့ အရှိန်ကြောင့် ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တော့သည်။
(၃)နာရီခန့်ကြာပြီးနောက်-
ပြန်နိုးလာချိန်မှာ ညနေ(၅)နာရီခွဲခန့်ရှိသွားခဲ့ပြီး ငသစ်နဲ့ အနီးအနားကို လည်ပတ်ကြည့်ဖို့ ထွက်လာခဲ့လေသည်။
"ကျွန်တော့်လက်ကို တွဲထားလေ။"
ကျွန်တော်တို့နှစ်ဦး ဟိုတယ်နဲ့ ခပ်လှမ်းလှမ်းကို ရောက်ရှိလာချိန်မှာ ငသစ်က လက်ကမ်းပေးပြီး ပြောလာတာမို့ တွဲသင့်၊ မတွဲသင့်ပြန်စဉ်းစားကြည့်လိုက်မိသည်။
"ဘာမှလျှောက်စဉ်းစားမနေနဲ့။ ကျွန်တော်က ကမ္ဘာကျော်မင်းသားမှ မဟုတ်တာ။ ဘယ်သူက သတိထားမိမှာလဲ!?"
သူ ပြောတာက ဆီလျော်မှုရှိတဲ့အတွက် များများစားစား လျှောက်တွေးမနေဘဲနဲ့ သူ့လက်ကို ဆုပ်ကိုင်ကာ အတူလမ်းလျှောက်ထွက်ခဲ့ကြသည်။
YOU ARE READING
ရှားရှားပါးပါး (Once In A Blue Moon)
Romance𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... 💗Start - 27.10.2020 End - 21.12.2020💗