အခန်း ၄၇ (Chapter 47)

11.9K 1.4K 115
                                    

(Unicode Version)


မမတို့အခြေအနေကို တစ်ပတ်ကျော်မျှ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ပြီးချိန်မှာ Negative ပြန်ဖြစ်သွားပြီဆိုတဲ့ ရလဒ်တစ်ခုကို ကြားသိလိုက်ရလေသည်။

"မမတို့က Negative ဖြစ်သွားပြီဆိုပေမယ့် သတိထားပြီး နေဦးနော်။ အလုပ်လည်း နားထားရတာဆိုတော့ စိတ်လွတ်ကိုယ်လွတ်သာ အနားယူပစ်လိုက်။"

မမတို့ဆီကို Video Callခေါ်ပြီး စကားပြောတိုင်း ငသစ်က ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ငြိမ်နေတတ်တာမို့ ကျွန်တော်လည်း သူ့ဒူးကို လှမ်းတို့ပြီး သတိပေးလိုက်မိသည်။

"နေကောင်းအောင် နေနော်။"

ငသစ် ဝင်ပြောလိုက်တဲ့စကားက ဤမျှသာ ဖြစ်လေသည်။ ထို့ကြောင့် ကျွန်တော်လည်း ထပ်မတိုက်တွန်းတော့ဘဲ မမတို့ကို နှုတ်ဆက်စကားဆိုလိုက်ရတော့သည်။

"မမတို့လည်း အေးအေးဆေးဆေး နားလိုက်ကြပါဦး။ မနက်ဖြန်မှပဲ ကျွန်တော် ထပ်ခေါ်လိုက်ပါ့မယ်။"

"အေးပါ...မောင်လေးရယ်။ မေမေ့ကိုလည်း ဂရုစိုက်ပေးလိုက်ကြပါနော်။"

"ဟုတ်ကဲ့..."

မမတို့နဲ့ ဖုန်းပြောပြီးချိန်မှာ ငြိမ်သက်နေတဲ့ ငသစ်ကို ကျွန်တော် လှမ်းဆူလိုက်မိသည်။

"မမတို့စိတ်ချမ်းသာအောင် စကားများများလေး ပြောပေးလို့ မရဘူးလား!?"

"ဘယ်က စပြောရမယ်မှန်း ကျွန်တော်မှ မသိတာ။"

"ကျန်းမာရေးဂရုစိုက်ဖို့ မှာစရာတွေ အများကြီးရှိတာပဲ။ ငါ့ကိုဆို နည်းလမ်းမျိုးစုံနဲ့ နားငြီးအောင် လုပ်နေတာလေ။"

"ဒယ်ဒီက ကျွန်တော်နဲ့ အမြဲအတူရှိလာတဲ့သူလေ။ ပြောစရာစကားက သူ့အလိုလို ထွက်လာတာပေါ့။ မေမေတို့နဲ့ ကျွန်တော်က အရင်ကတည်းက တစ်ပတ်လုံးနေမှ နှစ်ခါလောက်ပဲ စကားပြောဖြစ်တာ။ ဘယ်လိုလုပ်တူမှာလဲ!?"

မမတို့က မေတ္တာတရားကို ထုတ်မပြတတ်ဘဲ ငသစ်ကလည်း ထိုမေတ္တာကို မရရှိသလိုမျိုး အထင်မှားလာခဲ့ခြင်းက နှစ်ကာလကြာခဲ့ပြီမို့ လွယ်လွယ်နဲ့ မပြေလည်နိုင်တာ သေချာနေပေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now