အခန်း ၄၉ (Chapter 49)

11.8K 1.3K 185
                                    

(Unicode Version)


၂၀၂၀ခုနှစ်ကို ကျော်လွန်ချိန်မှာ ရောဂါဆိုးက ဆုတ်ခွာသွားပြီး အခြေအနေတွေ တည်ငြိမ်စ,ပြုလာခဲ့တာမို့ ကျွန်တော်တို့ရဲ့ပညာရေးက တစ်နှစ်စာနောက်ကျပြီးသွားမှ ပြန်လည်စတင်ခဲ့ရလေသည်။ ငသစ်ကလည်း မဂ္ဂဇင်းမှာ တက်သစ်စမော်ဒယ်အနေနဲ့ ရွေးချယ်ခံရပြီး အနုပညာအလုပ်တွေကို အင်တိုက်အားတိုက်လုပ်နေခဲ့တော့သည်။

"သစ်သစ်လေးရဲ့ရုပ်ရှင်ကားက ဘယ်တော့လောက် ရုံတင်မှာလဲ!?"

"မနှစ်ကတည်းက တည်းဖြတ်လို့တော့ ပြီးသွားကြပြီ။ ရှေ့လထဲမှာ ရုံတင်ဖြစ်ဖို့ များတယ်တဲ့။"

"ဟုတ်လား!? ရုံတင်တဲ့အခါကျရင် ငါ့မြေးလေးအတွက် ဖွားဖွားကိုယ်တိုင် လိုက်အားပေးရမှာပေါ့။"

"သားတို့တစ်မိသားစုလုံး သွားကြည့်ကြမယ်လေ။"

"ကောင်းတာပေါ့ကွယ်။"

နံနက်စာစားရင်း အပေးအယူတည့်နေကြတဲ့ မေမေနဲ့ ငသစ်ကို ကြည့်ပြီး ကျွန်တော် ပြုံးနေမိချိန်မှာ မေမေက လှမ်းပြောလိုက်လေသည်။

"သားကလည်း တတိယနှစ်တက်နေရပြီဆိုတော့ စာတွေ လိုက်နိုင်ရဲ့လား!? ကျူရှင်တက်ဖို့ လိုအပ်ရင် မေမေ့ကို ပြောနော်။"

"လိုက်နိုင်ပါတယ် မေမေ။ ကျူရှင်ယူဖို့ မလိုပါဘူး။"

"သစ်သစ်လေးလည်း ဒယ်ဒီ့လိုပဲ စာကို သေချာလုပ်ရမယ်နော်။ အနုပညာအလုပ်ကို လုပ်နေပေမယ့် ဘွဲ့လေးတစ်ခုတော့ ရအောင်ယူရမယ်။ ဖွားဖွားက ဘွဲ့ဝတ်စုံဝတ်ထားတဲ့ သားလေးတို့နဲ့ ဓာတ်ပုံအတူတူအရိုက်ခံချင်တာ။ အဲ့နေ့ကျရင် သဇင်ပန်းတွေကို မြိုင်နေအောင် ပန်ပြီး ခေါင်းကို မော့ထားလိုက်မှာ။"

မေမေက ကျွန်တော်တို့ဘွဲ့ယူမယ့်နေ့အတွက် စီမံကိန်းချထားပုံပင်။ ဘာကြောင့်ပဲဖြစ်ဖြစ် မေမေ ပျော်နေတာကို မြင်ရတိုင်း ကျွန်တော်လည်း စိတ်ထဲ အေးချမ်းသွားရပေသည်။ နံနက်စာစားပြီးချိန်မှာ ကျွန်တော်တို့နှစ်ဦး ကားဂိတ်သို့ အတူထွက်လာခဲ့ကြတော့သည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Nơi câu chuyện tồn tại. Hãy khám phá bây giờ