အခန်း ၅၄ (Chapter 54)

11K 1.3K 215
                                    

(Unicode Version)


သင်္ကြန်အကြိုနေ့ကို ကျွန်တော်တို့နှစ်ဦး အိမ်မှာပဲ ကုန်ဆုံးစေခဲ့ပေမယ့် အကျနေ့ကိုတော့ ငသစ်ရဲ့ဆန္ဒအတိုင်း 'ဟိန်းဇော်'တို့မဏ္ဍပ်မှာ လိုက်ထိုင်ပေးခဲ့ရလေသည်။

"မင်းတို့သားအဖကို အခုမှပဲ ပြန်တွေ့ရတော့တယ်။ လိုင်းပေါ်မှာ တွေ့တာကလွဲရင် ငါ့ဆီကို တစ်ခါလောက်တောင် လာမလည်ကြဘူး။"

'ဟိန်းဇော်'ရဲ့မကျေမချမ်းပြောဆိုမှုအတွက် ကျွန်တော်က အကြောင်းပြချက်ရှာပေးခဲ့ရတော့သည်။

"ငါတို့လည်း အပြင်ကို သိပ်မထွက်ဖြစ်ကြပါဘူး။ သူကလည်း ရိုက်ကူးရေးနဲ့ မအားတော့ ငါလည်း အိမ်တွင်းပုန်းနေရတော့‌တာပေါ့။"

'ဟိန်းဇော်'က ကျွန်တော့်ကို ခေါင်းညိတ်ပြပြီး ငသစ်ကို လှမ်းမေးလိုက်လေသည်။

"နာမည်ကြီးတစ်ယောက်ဖြစ်လာပြီဆိုတော့ ခံစားချက်က ဘယ်လိုနေလဲ!?"

"အရင်လို မလွတ်လပ်တော့ဘူး။"

"မင်းသမီးချောချောလေးတွေနဲ့ တွဲရတော့ ရင်တွေဘာတွေရော မခုန်ဘူးလား!?"

ထိုအဖြေကို ကျွန်တော်လည်း သိချင်နေတာမို့ အပြင်ကို ငေးကြည့်နေရင်းက နားစွင့်ထားလိုက်မိသည်။

"ရင်မခုန်ရင် သေသွားမှာပေါ့။"

"ဟေ့ကောင်...ငါက ရင်ခုန်နှုန်းတွေ မြန်လာလားလို့ မေးတာကွ။"

"အလုပ်လုပ်နေရင်တော့ ဇာတ်ကောင်ထဲကို ကိုယ်တိုင်နစ်ဝင်သွားရတာပဲလေ။ ချစ်ခန်း၊ ကြိုက်ခန်းတွေ ရိုက်တဲ့အခါ ပီပြင်အောင်လို့ ကြိုးစားရတာပေါ့။"

"အပြင်မှာရော သူတို့နဲ့ မတွဲကြည့်ချင်ဘူးလား!?"

"မတွဲချင်ပါဘူး။ ငါ့အတွက် တစ်ယောက်ပဲ ရှိရင် လုံလောက်ပြီ။"

ငသစ်ရဲ့စကားကြောင့် သူတို့ကို ကျောပေးထားရင်းက ကျွန်တော် ပြုံးလိုက်မိတော့သည်။

"အရင်တုန်းက ငါတို့နဲ့သိခဲ့တဲ့ စော်ကြည်ဘဲ လဝန်းသစ်မှ ဟုတ်သေးရဲ့လား!?"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now