(Unicode Version)
နှစ်လကျော်ခန့်ကြာပြီးနောက်-ငသစ်ရဲ့ရိုက်ကူးရေးကလည်း ပြီးဆုံးသွားပြီမို့ ကျွန်တော်တို့သုံးယောက်လုံး အိမ်မှာအတူရှိနေခွင့်ရခဲ့လေသည်။
"သစ်သစ်ရေ...သားအဖေနဲ့အမေက မနေ့ညက ဖုန်းဆက်တယ်။ သူတို့ပြန်လာလို့ ရဦးမှာ မဟုတ်သေးဘူးတဲ့။ ဒီကိုပြန်လာခဲ့ရင် စောင့်ကြည့်ခံရဦးမှာ။ သူတို့ရုံးကလည်း မပိတ်ဘူးလေ။"
ထမင်းအိုးတည်နေရင်းနဲ့ လှမ်းပြောလိုက်တဲ့ မေမေ့ကို ငသစ်က မထူးဆန်းသလို တုံ့ပြန်ခဲ့တော့သည်။
"သားလည်း ဖုန်းဆက်ကြည့်ပြီးပြီ။"
ငသစ်က အသက်သုံးနှစ်ကတည်းက မမတို့နဲ့ ခွဲနေခဲ့ရတာမို့ မိဘမေတ္တာကို အပြည့်အဝ မခံစားဖူးသူတစ်ယောက်ပင်။ မမတို့က နယ်မှာ အခြေတကျဖြစ်သွားပြီး ငသစ်ကို အတူလာနေဖို့ အမျိုးမျိုး ဖျောင်းဖျပေမယ့် သူက အကြိမ်ကြိမ်ငြင်းဆန်ခဲ့ပေသည်။ မေမေကလည်း ငသစ်ဘက်ကနေ ဝင်ထောက်ခံပေးခဲ့လေသည်။ ငသစ်သာ ဒီမှာဆက်နေခဲ့ရင် မမနဲ့ မကြာခဏတွေ့နိုင်လိမ့်မယ်ဆိုတဲ့ စိတ်ကူးလေးတစ်ခုက မေမေ ထိုကိစ္စကို ထောက်ခံရခြင်းရဲ့အဓိကအချက်ပင်။ သွေးသားမတော်ပေမယ့် အတူနေလာခဲ့ကြတဲ့ သံယောဇဉ်က ကြီးမားတာမို့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့အကြောင်းကို သိသွားခဲ့ရင် မေမေတို့ရဲ့ဆက်ဆံရေးက တင်းမာသွားမှာကို စိုးရိမ်နေမိပြန်သည်။
"ကဲ...ထမင်းအိုးကျက်ပြီဆိုတော့ ဈေးခဏသွားလိုက်ဦးမယ်။"
မေမေ့စကားကြောင့် ကျွန်တော့်အတွေးတွေလည်း ပျက်သွားခဲ့လေသည်။
"မေမေက ဈေးသွားမလို့လား!?"
"ဟုတ်တယ်...သားရဲ့။ တစ်ပတ်စာဝယ်ထားတာက ကုန်နေပြီ။"
"မေမေ မသွားနဲ့လေ။ သားလည်း အိမ်မှာ ရှိနေပြီပဲ။ သားပဲ သွားဝယ်ပေးပါ့မယ်။"
"ဒယ်ဒီနဲ့အတူ သားလည်း လိုက်သွားမယ်။"
"သားတို့က ဘယ်မှာဝယ်ရမယ်ဆိုတာ သိလို့လား!?"
YOU ARE READING
ရှားရှားပါးပါး (Once In A Blue Moon)
Romance𝑩𝑳(𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅) အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... အရမ်းလည်လွန်းတဲ့ သစ်သစ်နဲ့ ပိန်းဥဖြူဒယ်ဒီတို့ရဲ့အချစ်ဇာတ်လမ်းလေး... 💗Start - 27.10.2020 End - 21.12.2020💗