🌹9🌹

18.5K 2.3K 338
                                    

(Unicode Version)

ငသစ် ဆေးရုံကနေ ပြန်ဆင်းရတဲ့နေ့က တစ်အိမ်သားလုံး အငြိမ်မနေရတဲ့နေ့ပါပဲ။

"ဒီနေ့တစ်ရက်တော့ ခွင့်တိုင်လိုက်ပါလား... သားရယ်။"

"သူ ဆေးရုံစတက်တဲ့နေ့တုန်းကလည်း သား ကျောင်းပျက်ထားရတယ်လေ။ တစ်ရက်စာက ပြန်ကူးရတာ မလွယ်ဘူး... မေမေရဲ့။ သူ့ကို ပြန်ရှင်းပြဖို့ သားမှာ စာတွေ စုံစုံလင်လင် ရှိနေမှ ဖြစ်မှာ။"

အမှန်အတိုင်းပြောရရင် အဲဒါတွေအားလုံးက ဆင်ခြေတွေပါ။ ကျောင်းပျက်ရတာကို ပျော်တဲ့ ကျောင်းသားတွေထဲမှာ ကျွန်တော်လည်း သေချာပေါက်ပါပါတယ်။

ဒါပေမဲ့ ငသစ်ရဲ့အနားမှာ အလိုလိုက်အကြိုက်ဆောင်ပြီး နေရမဲ့အစား ကျောင်းပြေးတက်လိုက်တာက အ‌ဆပေါင်းများစွာ စိတ်သက်သာရာရစေနိုင်တယ်လေ။

"အင်းလေ... သားအတွက် ခက်ခဲမယ်ဆိုရင်လည်း သွားတက်လိုက်ပါ။ သစ်သစ်လေးကို မေမေတို့ပဲ အဖော်လုပ်ပေးလိုက်ပါ့မယ်။"

မေမေ လက်ခံတာနဲ့ ကျောင်းလွယ်အိတ်ကို လွယ်ပြီး ဖနောင့်နဲ့ တင်ပါးတစ်သားတည်းကျလောက်အောင် အမြန်ထွက်လာခဲ့ရတာပေါ့။ ဒီရက်အတွင်းမှာ ငသစ်ရဲ့ဒဏ်ကို ခံခဲ့ရတာက နည်းမှ မနည်းပဲ။

ကျောင်းက ပြန်လာတာနဲ့ ဆေးရုံကို တန်းဝင်ပြီး သူ့ကို မော်ဖူးရတယ်။ မေမေတို့ကလည်း ကျွန်တော့်ကို မြင်တာနဲ့ ယဇ်ပူဇော်ဖို့အတွက် သားကောင်ရသလိုမျိုး ပျော်သွားကြတာ။

ပြီးရင် ငသစ်ရဲ့ရှေ့တော်မှောက်ကို ချက်ချင်းတင်သွင်းပြီး မျက်နှာချိုသွေးပါလေရော။ ငသစ်ကလည်း ကျွန်တော့်ကို မြင်ရင် အစားအသောက်ကောင်းကို မြင်လိုက်ရတဲ့အတိုင်း သွားရည်တများများနဲ့ ကပ်တွယ်တော့တာပဲ။

အဲဒါကြောင့် အိမ်မပြန်ဖြစ်ဘဲ ညတိုင်းနီးပါး လူနာစောင့်ခုတင်ပေါ်မှာ ကျွန်တော် အိပ်ခဲ့ရတယ်။ ငသစ်အတွက် အထူးခန်းကို ငွေကုန်ခံပြီး ငှားထားလို့ နေရထိုင်ရတာ အဆင်ပြေပေမဲ့ ကိုယ့်အိပ်ရာလိုတော့ ဘယ်နေသားကျပါ့မလဲ။

အဲဒီလိုကနေ အိပ်ရေးပျက်ခဲ့ရပေါင်းလည်း များပြီ။ ကြာရင် ကျွန်တော်က သူ့ထက် စိတ်ရောဂါရနိုင်ခြေ ပိုများလာလိမ့်မယ်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Tahanan ng mga kuwento. Tumuklas ngayon