Unicode
"Cheer~~"
"ဂျွန်မြောင် လာ ငါငှဲ့ပေးမယ်"
"ဟုတ်~~"
"နောက်တခွက်~~"
"တော်ပြီ စခန်းမှူး တယောက်တည်းပြန်ရမှာဆိုတော့ အရမ်းကြီးမူးလို့မဖြစ်ဘူး"
"ငါကားငှားပေးလိုက်မယ်~~သောက်စမ်းပါ"
"ရပါတယ် အိမ်နဲ့နီးတော့ လမ်းနည်းနည်းလျှောက်လိုက်ရင် ရောက်ပြီ ပိုက်ဆံအလကားကုန်နေဦးမယ်"
"အာ့ဒါဆို နောက်ဆုံးတခွက်ကွာ"
"နောက်ဆုံးနော်"
"ဟုတ်ပြီ~~လာကွာ"
🍻🍻🍻🍻🍻🍻🍻🍻🍻🍻🍻🍻
ဂျွန်မြောင် အိမ်ပြန်လမ်းမှာနောက်ကနေ တယောက်ယောက်လိုက်လာသလိုခံစားရလို့ လမ်းကိုခပ်သွက်သွက်လျှောက်လာသည် သို့သော် ခြေသံတွေက ပိုပြီးနီးလာသလို
နောက်ကိုလှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိပေမယ့် ရှေ့ကိုဆက်လျှောက်တော့ ခြေသံတွေကြားနေရပြန်သည် အိမ်ကလည်း ရောက်ဖို့နည်းနည်းလိုသေးသည် ဂျွန်မြောင်ခပ်သွက်သွက်လျှောက်ကာ ရှေ့မှာမြင်နေရတဲ့ ကားထဲ အမြန်ဝင်ပုန်းလိုက်သည်"မင်းဘယ်သူလဲ~~"
"ရှူး~~"
ကားထဲကနေ အပြင်ကိုလှမ်းကြည့်မိသော နောက်ကလိုက်လာတဲ့လူတွေ ပြန်လှည့်သွားသည်
"ဟူး~~"
"ဟေ့ ဒီမှာ မင်းဘယ်သူလဲ ငါ့ကားထဲကို ပိုင်စိုးပိုင်နင်းနဲ့ အု"
Sehunစကားပြောနေစဥ်ပါးစပ်ကိုလက်နဲ့လာပိတ်ပြီး စကားမပြောဖို့ ခေါင်းရမ်းပြသည်
"ဒီနားလေးတင် ပျောက်သွားတာ ဘယ်ရောက်သွားတာလဲ~~ဟိုဘက်သွားရှာရအောင်"
ထိုလူတွေပြန်ထွက်သွားမှ ဆယ်ဟွန်းကို အားနာသလိုကြည့်ကာ
"ဟို ကားပေါ်ကို ခွင့်ပြုချက်မတောင်းပဲ တက်လာခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်နော် ကျွန်တော့်နောက်ကို လူလိုက်လာလို့ အလောတကြီး တက်လာခဲ့တာပါ"
"ဘယ်သူတွေလဲ~~"
"ဟိုဂိုဏ်းက လူတွေနေမှာ"
YOU ARE READING
Gentle🎐
Romanceကြမ်းတမ်းနေတဲ့ ကိုယ့်ရဲ့ စိတ်ကို နူးညံ့လာအောင် ဖန်ဆင်းပေးတဲ့ ကိုယ့်ရဲ့ ဖန်ဆင်းရှင်✨