Ep(7)

332 47 5
                                    

Unicode

Hyung!!!

ဂျွန်မြောင်ကို အနောက်က တယောက်က ချုပ်ထားပြီးနောက်တယောက်က ဆွဲထိုးနေသည်

"ခုချက်ချင်း လွှတ်လိုက်စမ်း!!"

ဆယ်ဟွန်း ​အော်လိုက်တော့ ထို့လူတွေကဂျွန်မြောင့်ကိုချုပ်ထားတာ လွှတ်ပေးသည်

"Hyung~~"

"Sehun Hyungဘာမှမဖြစ်ဘူး အပြင်ခဏထွက်နေ မင်းကိုပါ ဝိုင်းထိုးကြလိမ့်မယ်"

ပါးစပ်မှာလည်း သွေးတွေ မျက်နှာမှာလည်း ယောင်နေလေပြီ ဒါကို ကိုယ်အထိုးခံရမှာဆိုးသည်တဲ့လား

ဆယ်ဟွန်း ထိုသူတွေကို တချက်စိုက်ကြည့်လိုက်တော့ ထိုသူတွေမှာ နေစရာမရှိတော့သလို ဆယ်ဟွန်းဒေါသထွက်လာရင် သူတို့ လွှတ်လမ်းမရှိမှာသိပုံရသည်

သွားတော့ ဟူသော အဓိပ္ပါယ်ဖြင့် မျက်လုံးကိုပင့်ပြသည်

ထိုအခါမှ ထိုသူတွေလည်း အမြန်အပြေးအလွှားထွက်သွားကြသည်
Daddyခိုင်းတာပဲဖြစ်ရမယ်

"Hyung~~လာ ကျွန်တော့်ကိုတွဲ"

"အဟွတ် ဟိုလူတွေ မင်းကို ဘာမှမလုပ်သွားတာ တော်သေးတယ် မဟုတ်ရင် ငါ့ကြောင့်မင်းဒဏ်ရာထပ်ရဦးမှာ"

"ဒီကောင်တွေ မလုပ်ရဲပါဘူး"

"ဟင်~~ဘာလို့လဲ"

"အော်~~ဘာမှမဟုတ်ဘူး လာအိမ်ပြန်ရအောင် ဒဏ်ရာတွေဆေးထည့်ပေးရဦးမယ်"

"အင်း~~"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဘယ်လိုဖြစ်တာလဲ~~Hyung"

ဆယ်ဟွန်းဆေးထည့်ပေးကာ အကြောင်းစုံမေးလေသည်

"ငါလက်ဆေးနေတုန်း သူတို့နှစ်ယောက် ရောက်လာတယ် ပြီးတော့ သူတို့ထဲက တယောက်က ငါ့ကိုရုတ်တရက်ချုပ်လိုက်ပြီး နောက်တယောက်ကထိုးတော့တာပဲ ငါလည်း ရုန်းပြီး ပြန်ထိုးတာပေါ့  အာ့နှစ်ကောင်စလုံး ငါ့ကိုမနိုင်ကြဘူး ဒါပေမယ့် ငါ့ကိုဆောင့်ကန်လိုက်တော့ ငါအရှိန်ပျက်ပြီး လဲကျသွားတာ အာ့တာကိုအခွင့်ကောင်းယူပြီး မထနိုင်အောင် ထိုးကြတော့တာပဲ""

"အချိန်မှီ ကာကွယ်မပေးနိုင်တာ တောင်းပန်ပါတယ်Hyung"

"ဘယ်ကသာ မင်းရောက်လာလို့ ငါအခုလောက်လေးပဲဖြစ်တာ မင်းငါ့ကိုကယ်တာ နှစ်ကြိမ်တောင်ရှိပြီ
ဒါနဲ့ သူတို့က မင်းကိုမြင်တော့ ဘာလို့ထွက်ပြေးသွားလဲမသိဘူးနော်"

Gentle🎐Where stories live. Discover now