Unicode
နာရီကိုအခါခါကြည့်ကာ ဆယ်ဟွန်းတယောက်တည်း ယောက်ယက်ခတ်နေသည်
ဂျွန်မြောင် အိမ်ပြန်နောက်ကျနေသည်မို့ ဆယ်ဟွန်းစိတ်ပူနေသည် ဖုန်းဆက်တော့လည်းမကိုင်ဘူး အကိုဂျယ်ယောင်းကိုဖုန်းဆက်မေးကြည့်တော့လည်း ပြန်သွားတာကြာပြီတဲ့ ဘယ်တွေသွားနေတာလဲမသိဘူးဆယ်ဟွန်း အပေါ်ထပ်အဝတ်ပါးတထည်ကိုထပ်ဝတ်ကာ လမ်းထိပ်သို့သွားပြီး ဂျွန်မြောင်ကိုစောင့်နေမိသည်
အချိန်အတော်ကြာသည်အထိ ပေါ်မလာသော ဂျွန်မြောင်ကြောင့် စိုးရိမ်စိတ်က မြင့်တက်လာသည်Ring Ring🎶🎶
"Hello~~"
"...................."
"ဘာ!!!"
ဖုန်းပြောပြီး ဆယ်ဟွန်းအမြန်နှုန်းနဲ့ ပြေးရတော့သည်
Hyungဘာာမှမဖြစ်ပါစေနဲ့~~~~~~~~~~~~~~~~~~~~~~~~~~
"ကဲ ကောင်လေး မင်းငါတို့ကိစ္စတွေကို ဝင်မရှုပ်ပဲ နေပေးရင် မင်းလိုသလောက် ကြိုက်တဲ့အချိန်လာတောင်းလို့ရတယ် ငါတို့နဲ့ပူပေါင်းလိုက်စမ်းပါ"
"ခင်ဗျားတို့နဲ့ ပူပေါင်းမှ ထမင်းစားရမယ်ဆို ကျုပ်ငတ်သေရင်သေပါစေ ဘယ်တော့မှ ပူးပေါင်းမှာမဟုတ်ဘူး"
"ဟ ခေါင်းမာလှချည်လား အကြောကလည်းတော်တော်တင်းတာပဲ တင်းနေတဲ့အကြောတွေပြေသွားအောင် လျှော့ပေးရမှာပေါ့ ဟေ့ကောင်တွေ ဆက်ရိုက်"
"ဖြောင်း ဖြောင်း"
နောက်တချက်ထပ်ရိုက်မယ်လုပ်တော့ ကြိုးကို နောက်ကနေ ဆွဲထားသည်
"တော်တော့~~"
"Sehun~~"
"Hyung~~~အဆင်ပြေရဲ့လား"
မျက်နှာနုနုလေးမှာ ဒဏ်ရာတွေပလပ်ပွ ကျွန်တော်ရင်နာလိုက်တာHyungရယ်
"မင်းက ဒီနေရာကိုဘယ်လိုသိတာလဲ"
"သူ့အိမ်ပဲ သူသိတာဆန်းသလား"
"ဟင်~~~"
ဆယ်ဟွန်းရဲ့အဖေပြောတာကို ဂျွန်မြောင်နားမလည်ဟန်
"ဆယ်ဟွန်းက ငါ့သားလေ မင်းလှုပ်ရှားမှုတွေသိရအောင် မင်းအိမ်မှာနေပြီး မင်းလုပ်သမျှငါ့ကို သတင်းပေးနေတာ"
YOU ARE READING
Gentle🎐
Romanceကြမ်းတမ်းနေတဲ့ ကိုယ့်ရဲ့ စိတ်ကို နူးညံ့လာအောင် ဖန်ဆင်းပေးတဲ့ ကိုယ့်ရဲ့ ဖန်ဆင်းရှင်✨