Ep(18)

312 36 21
                                    

Unicode

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားပြီး နောက်ဆုံးတော့ ကျွန်တော်တို့နှစ်ယောက်လုံးစောင့်မျှော်နေတဲ့နေ့လေးရောက်လာလေပြီ

"Sehunnie~~"

ထွက်လာလာချင်းပင် လက်ဝှေ့ယမ်းပြသော​ကောင်လေး
ဝမ်းသာစိတ် လွမ်းတဲ့စိတ်နဲ့ နှစ်ယောက်သား တင်းတင်းကြပ်ကြပ်ဖက်ထားမိသည်

"ရော့ ပဲပြားလေး စားလိုက်ဦး ပင်ပန်းသွားပြီ"

ဂျွန်မြောင် ခွံ့ကျွေးသော ပဲပြားကို တကိုက်ကိုက်လိုက်သည်

ကိုယ်ပါးပြင်ကို လက်သေးသေးဖြင့်အုပ်ကိုင်ကာ

"ငါဒီနေ့အရမ်းပျော်တာပဲသိလား မင်းနဲ့အတူ ထာဝရနေနိုင်ပြီ"

"ကျွန်တော်ရောပဲ"

"ရောမချနဲ့လေ~~"

"ဟား ဟား~~"

~~~~~~~~~~~~~~~~~~~~~

အိမ်ကအရင်အတိုင်းပဲနော် ဘာမှသိပ်မပြောင်းလဲဘူး

"မင်းအခန်းကိုတော့ငါပြင်ပေးထားတယ်"

"ဘာလို့ပြင်ထားတာလဲ Hyungရာ ကျွန်တော်က Hyungနဲ့ တခန်းတည်းနေမလားလို့"

"မနေပါဘူး မင်းနဲ့"

"ဘာလို့တုန်း ကိုက်မစားပါဘူး"

"ကိုက်မစားဘူး မင်းက တကိုယ်လုံးမြိုချဖို့ကြံနေတာ ငါသိတာပေါ့"

"အင်းလေ အကြံတွေသိနေရင်လည်း ပြင်ဆင်ထားလို့ရတာပေါ့"

"မင်းနော်!!~~အာ့တာတွေကြောင့် မင်းနဲ့ တခန်းတည်းမနေချင်တာ"

"Hyungက ကပ်စီးတူးလေးပဲ"

"သွား~~ရေသွားချိုးတော့ ဗိုက်ဆာနေပြီမလား"

"ကိုယ့်ရဲ့ အိမ်ရှင်ထီးလေး ထမင်းပွဲပြင်ထားလိုက်နော်"

"ယိ့ကို အိမ်ရှင်ထီး"

"ဟား ဟား ကပ်စီးတူးလေး မွ"

မသွားခင် ကပ်စီးတူးလေးရဲ့ ပါးကို ရအောင်ကို  နမ်းလိုက်သည် ပြန်ရလိုက်တာတော့ ယုန်မျက်စောင်းပေါ့

~~~~~~~~~~~~~~~~~~~~~~~~~

ကုတင်ခေါင်းရင်းကို  မှီကာ ချစ်ရသူကိုရင်ခွင်ထဲထည့်ပြီး မှေးဆက်ရတာ ဆယ်ဟွန်းအဖို့ နိဗ္ဗာန်ငယ်လို

Gentle🎐Where stories live. Discover now