Ep(6)

330 52 4
                                    

Unicode

လိုက်ကာကတဆင့်ဖြာကျနေသော နေရောင်ခြည်​နဲ့ကျေးငှက်တို့ရဲ့ တီတီတာတာအသံတွေကြောင့် ဆယ်ဟွန်းနိုးလာသည် ရင်ခွင်ထဲက ယုန်ဖြူလေးကတော့ အိပ်နေတုန်းပင်

မြင်နေရတဲ့ ပါးဖြူဖြူဥဥလေးကြောင့် ဆယ်ဟွန်းရင်ခုန်မြန်လာသည်
အရဲစွန့်ကာ နမ်းရှိုက်မိသည်
တခါထိတွေ့ပြီး နောက်တခေါက်ထပ်ထိတွေ့ချင်လောက်အောင် ဆွဲဆောင်မှုပြင်းသည်
ဆယ်ဟွန်း နောက်တကြိမ် နမ်းရှိုက်မိတော့ ယုန်ဖြူလေး လူးလွန့်လာသည်

"ဝှား~~"

ဆယ်ဟွန်း ဟန်မပျက်သလိုနေလိုက်ပေမယ့် ခုန်နေတဲ့ရင်အစုံကို ထိန်းချုပ်မရ

"နိုးပြီလား Hyung~~"

"အင်း~~ညက မင်းလက်မောင်းပေါ်အိပ်ခဲ့တာလား ခေါင်းအုံးပေါ်ရွှေ့လိုက်တာမဟုတ်ဘူး မင်းလက်တွေနာနေမှာပေါ့"

"ရပါတယ် ကျွန်တော်အဆင်ပြေတယ်"

"ဒီနေ့ ကုန်တိုက်သွားပြီး စျေးဝယ်ထွက်ရအောင် ဒီနေ့Duty offဆိုတော့ လိုအပ်တာလေးတွေသွားဝယ်မလားလို့"

"အင်း သွားမယ်လေ"

"ပြင်ဆင်ထားလိုက်တော့"

"ဟုတ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကုန်တိုက်မှာ အမြည်းကျွေးနေတဲ့ တော့ပုကီ ထမင်းလိပ်တို့ကို အပီအပြင်စားနေသော ဂျွန်မြောင်

အမြည်းကျွေးတဲ့ အန်တီကြီးတောင် မကြည်သလိုကြည့်လာတော့သည်

ဆယ်ဟွန်းအနားသွားပြီး ဂျွန်မြောင်ကိုပြုံးပြကာ

ဒါတခုယူမယ် ဒါကောပဲ

"Nae~~Nae"

ထိုအခါမှ အန်တီကြီးမျက်နှာကပြန်ကြည်သွားသည်

ဆယ်ဟွန်း နှစ်ထုတ်လုံးကုန်လို့လား

"Hyungနဲ့စားမှာပေါ့"

"Sehunကလည်း Hyungက အမြည်းစားတာနဲ့တင် ဝနေပြီ ဟီး"

"အိမ်ရောက်ရင် ထပ်စားပေါ့ ဟုတ်ပြီလား"

"အင်း အင်း ငါtoiletခဏသွားလိုက်ဦးမယ် ဗိုက်နာလာလို့"

"နာမှာပေါ့ ခုနက တအားစားထားတာကို"

Gentle🎐Where stories live. Discover now