Ep(9)

340 45 8
                                    

Unicode

ညက အရှိန်ကြောင့် နိုးနိုးချင်း ခေါင်းကိုက်ခြင်းနဲ့ မိတ်ဆက်ရသည်

မြင်နေရတဲ့ ရင်အုပ်ကျယ်ကြီး

မော့ကြည့်လိုက်တော့ အိပ်မောကျနေဆဲဖြစ်တဲ့ဆယ်ဟွန်းကိုတွေ့လိုက်ရသည် မပြင်မဆင်ပဲနဲ့တောင် ကြည့်ကောင်းနေသော ဆယ်ဟွန်းကို ကြည့်ကာ ဂျွန်မြောင် နှုတ်ခမ်းဆူမိသည်

"ငါ့ကြတော့ သူ့လို ချောလည်းမချောဘူး"

"ဘယ်သူပြောလည်း"

ဆယ်ဟွန်းပြောလိုက်တော့ အလန့်တကြားမော့ကြည့်လာသည်

"မင်းနိုးနေတာကို မပြောပဲနဲ့"

"ပွစိပွစိလုပ်နေတော့ နိုးပြီပေါ့ဗျ"

"ဖယ် လွှတ်~~"

"Hyung~~"
"ကျွန်တော့်ကို ဘယ်တော့မှ အဖြေပေးမှာလဲ"

"မင်းပဲ မင်းခံစားချက်ကိုသိရင်ရပြီဆို အဖြေပေးစရာလိုလို့လား"

"အာ့တာတော့အာ့တာပေမယ့် Hyung  ကျွန်တော့်အပေါ်ဘယ်လိုသဘောထားလဲသိချင်တယ်

ဂျွန်မြောင် မျက်နှာရဲကနဲဖြစ်သွားသည်

"ငါမသိဘူး......ငါမပြောတတ်ဘူး"

ရှက်ကာ အခန်းထဲမှ ပြေးထွက်သွားသော ဂျွန်မြောင့်ကို ကြည့်ကာ ဆယ်ဟွန်းသဘောကျမဆုံးဖြစ်နေသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~

တီ တီ🔈🔈

မနက်အစောကြီးဘယ်သူပါလိမ့်

အော် ဂျယ်ယောင်း ဘယ်လိုကနေဘယ်လိုရောက်လာတာလဲ

"ပေးစရာ fileလေးရှိလို့"

"ခဏနေငါလာမှာပဲဟာကို အိမ်ထိ အပင်ပန်းခံပြီးလာရတယ်လို့"

"ငါဒီနေ့ ငါDuty offတယ်လေ"

"အော် အေး ငါမေ့သွားလို့ ခဏစောင့် ငါမျက်နှာသစ်ပြီး လာခဲ့မယ်"

"အင်း"

~~~~~~~~~~~~~~~~~~~~~~~~~~~

"သူက ဘယ်သူလဲ ဂျွန်မြောင်"

"ညီဝမ်းကွဲပါ~~အိမ်မှာခဏလာနေနေတာ"

ဂျွန်မြောင့်အဖြေကို သဘောမကျဟန် ဆယ်ဟွန်း မျက်ခုံးများတွန့်ကျိုးနေသည်

Gentle🎐Where stories live. Discover now