Unicode
"Daddy!! သူ့ကိုမထိပါနဲ့လို့ ကျွန်တော်ပြောခဲ့တယ်မလား"
"မင်းက အရင်လို အသုံးမှမကျတော့တာအာ့တော့ ငါကိုယ်တိုင် ဝင်ပါရတော့တာပေါ့ မင်း အာ့ကောင်လေးနဲ့ ချစ်သူဖြစ်နေတာ ငါမသိဘူးထင်နေလား"
Daddyက သူ့နောက်ကိုလူလွှတ်ထားပုံရသည်
"သိရင်လည်း လွှတ်ထားပါတော့လား ကျွန်တော်ပျော်နေတာကို မမြင်ချင်ဘူးလား"
"ချစ်တာတွေမေတ္တာတွေ ငါမသိဘူး စိတ်လည်းမဝင်စားဘူး ငါစိတ်ဝင်စားတာ ငွေရဖို့ပဲ ငါ့လမ်းကြောင်းထဲလာရှုပ်ရင်တော့ ရှင်းရမှာပဲ"
"Daddy~~သူ့ကို သတ်ချင်နေတာမလား သတ်လိုက်လေ ဒါပေမယ့် တခုတော့ မှတ်ထားပေး သူသေရင် ကျွန်တော်ပါ လိုက်သေမှာ"
"မင်း!!! ဟေ့ကောင် ပြန်လာခဲ့စမ်း တောက်!"
~~~~~~~~~~~~~~~~~~~~~~~~~~~
"Hyung~~ခဏထပါဦး Hyung"
"မင်း မင်း ဘာလာလုပ်ပြန်တာလဲ!"
"ရှူး တိုးတိုးပြော အပြင်က ကြားသွားဦးမယ်
Hyungကို လာခေါ်တာ သွားရအောင် လာ"ဆယ်ဟွန်း ဂျွန်မြောင်လက်ကိုဆွဲကာ သွားမည်အလုပ်
ဂျွန်မြောင် ဆယ်ဟွန်းလက်ကို ဖြုတ်ချလိုက်သည်"ငါမလိုက်ဘူး အသေပဲခံမယ်"
"Hyungရာ ဒီချိန်မှာ ခေါင်းမမာစမ်းပါနဲ့ လာ"
"မလိုက်ဘူးလို့ပြောနေတယ်လေ"
"ရှူး တိုးတိုးပြောပါဆိုနေမှ"
"မင်းသွားတော့~~"
ခေါင်းမာလွန်းသော ဂျွန်မြောင်ကို ဒီတိုင်းသာ ဆက်ခေါ်နေရင် မနက်မိုးလင်းတော့မည်
"Hyung ကျွန်တော်တောင်းပန်ပါတယ်"
"အာ့"
"မေ့ကြောကို တချက်ရိုက်လိုက်တော့ လဲကျသွားသည့်ခန္ဓာကိုယ်လေးကိုပွေ့ကာ လျှို့ဝှက်လမ်းကနေ အမြန်ထွက်ရသည်"
~~~~~~~~~~~~~~~~~~~~~~~~~~
အပြင်ကိုရောက်သည့်တိုင် ဂျွန်မြောင်သတိမရသေး
"ကျွန်တော့်ထက်ကောင်းတဲ့သူနဲ့ တွေ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားပါနော် မရည်ရွယ်ပဲhyungကိုနာကျင်စေခဲ့မိတဲ့အတွက်တောင်းပန်ပါတယ် hyungကိုချစ်လို့ ကျွန်တော်က ဒီလိုလူမျိုးဆိုတာ hyungသိသွားရင် ကျွန်တော့်ကိုမုန်းသွားမှာစိုးလို့လိမ်ခဲ့မိတာပါ"
YOU ARE READING
Gentle🎐
Romanceကြမ်းတမ်းနေတဲ့ ကိုယ့်ရဲ့ စိတ်ကို နူးညံ့လာအောင် ဖန်ဆင်းပေးတဲ့ ကိုယ့်ရဲ့ ဖန်ဆင်းရှင်✨