Unicode
"Hyungထတော့လေ~~အလုပ်နောက်ကျနေဦးမယ်"
"အင်း~~"
အင်း တလုံးပဲပြောပြီး စောင်ကိုဆွဲကာ ပြန်အိပ်သွားသော ဂျွန်မြောင်
"တောင်~~"💬
Messageသံကြားပေမယ့် ဆယ်ဟွန်းလျစ်လျူရှူကာ ရေချိုးခန်းထဲဝင်ပြီး ဂျွန်မြောင်အတွက် သွားတိုက်ဆေး ဘာညာ အဆင်သင့်ပြင်နေလိုက်သည်
သို့သော် messageသံသည် တတောင်တောင်နှင့်အဆက်မပြတ်မြည်နေတဲ့အတွက်ကြောင့် ဆယ်ဟွန်းစိတ်တိုလာသည်
ရေချိုးခန်းထဲကထွက်ကာ ဂျွန်မြောင့်ဖုန်းကို ယူကြည့်မိသည်💬Morning ညီ
💬ဘာလုပ်နေလဲ
💬မနက်စာကောစားပြီးပြီလားmessageဖတ်ပြီး ဆယ်ဟွန်းမျက်ခုံးများ တွန့်ကျိုးသွားသည်
"Hyung~~"
"Hyung ထဦးဆို""ဟွန်~~ဘာလဲ"
"ဒါဘယ်သူလဲ သူက ဘာလို့ ဒီလိုတွေပို့နေတာလဲ"
"အော် သူက လတ်တလောSocialမှာနာမည်ကြီးနေတဲ့တယောက် ဟိုတနေ့က ငါ့ကိုလာfollowတယ်လေ ပြီးတော့ cbကတဆင့်စကားပြောဖြစ်တာပါ ကျန်တာ ဘာမှမရှိဘူး"
"ဘာလို့ Hyungက စကားပြန်ပြောတာလဲ"
"မကောင်းလို့ပေါ့ကွာ အားနာစရာကြီး"
"ဟိုက အဆင့်တက်ပြီး ရည်းစားစကားလာပြောရင်လည်း အားနာလို့ဆိုပြီး အဖြေပြန်ပေးလိုက်မှာတော့မဟုတ်ပါဘူးနော်"
"ဟား ပေါက်ပေါက်ရှာရှာ ငါ့မှာ မင်းရှိပြီးသားကို နောက်ပြီး ငါတို့က ရိုးရိုးသားသားပါ"
"Hyungဘက်က ရိုးသားပေမယ့် သူ့ဘက်က မရိုးသားဘူးဆိုတာ ကျွန်တော်သိနေတယ်"
"ကဲပါ စောစောစီးစီး ရစ်မနေပါနဲ့ကွာ"
"ဟုတ်ပါတယ် ကျွန်တော်ကပဲ ရစ်တာ"
အခန်းထဲမှ ဆောင့်အောင့်စွာထွက်သွားသော ဆယ်ဟွန်း
"ဒီလိုဆိုတော့လည်း ကလေးလေးကျနေရော"
ရေချိုးခန်းထဲဝင်တော့ သူ့အတွက် အသင့်ပြင်ပေးထားသော သွားတိုက်တံလေးကြောင့် ကြည်နူးရပြန်သည် ဒီကောင်လေးက သဝန်တိုတာကလွှဲရင် အရမ်းအလိုက်သိသည် သဝန်တိုတာကတော့အရမ်းပဲ
ခုတော့ ကိုသဝန်ကြောင်ကြီးကို သွားချော့ရပေဦးမည်
YOU ARE READING
Gentle🎐
Romanceကြမ်းတမ်းနေတဲ့ ကိုယ့်ရဲ့ စိတ်ကို နူးညံ့လာအောင် ဖန်ဆင်းပေးတဲ့ ကိုယ့်ရဲ့ ဖန်ဆင်းရှင်✨