Ep(19)

305 36 17
                                    

Unicode

Sehunက အခုဆိုရင် Cafeတခုမှာ မုန့်ဖုတ်တာနဲ့ကော်ဖီဖျော်တာကိုအဓိကထားတာဝန်ယူပြီး အလုပ်ဝင်လုပ်နေသည်

"Sehun Na~~"

"Hyung~~ဘယ်လိုကနေရောက်လာတာလဲ"

"ဘယ်ကမှ ရောက်လာတာမဟုတ်ဘူး မင်းကိုလာခေါ်တာပေါ့ စိတ်ချရတာမဟုတ်ဘူး ခုတလော ဒီcafeက မင်းကြောင့်ပိုနာမည်ကြီးနေတာလေ ကောင်မလေးတွေကလည်း မင်းကြောင့် လာတာများတာမလား စပ်စလူးတွေ"

နှုတ်ခမ်းတဆူဆူနဲ့​သဝန်တိုကာပြောနေသောဂျွန်မြောင့်ကို ဆယ်ဟွန်းအသည်းယားလွန်းလို့ ဒီနေရာမှာတင် ဖက်နမ်းလိုက်ချင်ပေမယ့် လူတွေအများကြီးရှိတာမို့ မနည်းထိန်းနေရသည်

"ဒါက သဝန်တိုတာပေါ့လေ"

"ထင်ချင်သလိုထင်ကွာ~~အလုပ်ချိန်ကျော်သွားပြီမလား သွားမယ် အကျီသွားလဲ"

"မင်းသားလေး အလိုကျပါ"

~~~~~~~~~~~~~~~~~~~~~~~~~~~

ဂျွန်မြောင့်ရဲ့ လက်သေးသေးလေးတွေကို ဆုပ်ကိုင်ကာ ဆိုင်ထဲမှာ ထွက်သွားတော့ အကုန်လုံးရဲ့အကြည့်က သူတို့နှစ်ယောက်ဆီမှာ

"Hyung~~ချမ်းနေပြီလား လက်တွေအေးနေတာပဲ"

"နည်းနည်း~~"

"ကျွန်တော့် အနွေးထည်ထပ်ဝတ်ထားလိုက်"

"မင်းချမ်းနေမှာပေါ့~~"

"မချမ်းပါဘူး~~"

ခန္ဓာကိုယ်သေးသေးလေးက အနွေးထည်ထဲမြုပ်နေသည်

~~~~~~~~~~~~~~~~~~~~~~~~

"Hyung ဘာစားချင်လဲ တခါတည်းဝင်ဝယ်ရအောင်လို့"

"အာ့ကိစ္စခဏထားဦး
အိုဆယ်ဟွန်း!!~~"

"ဗျာ~~"

"အကျီမှာ ရေမွှေးနံ့ရနေတယ် မင်းရေမွှေးနံ့မဟုတ်ဘူး"

"ဟုတ်လား ပြကြည့်"

ဂျွန်မြောင်ပြောတော့ ဆယ်ဟွန်းလည်း အကျီကို အနံ့ခံကြည့်သည်

"မင်းခုမှ မသိချင်ယောင်ဆောင်မနေနဲ့ ဘယ်သူ့ရေမွှေးနံ့လဲ မင်းတခြားတယောက်ရှိနေပြီလား"

"............"

"ဖြေလေ~~"

".............."

Gentle🎐Where stories live. Discover now