Ep(15)

299 36 6
                                    

Unicode

"တောက်!!! သူ့ကိုဘယ်သူလွှတ်ပေးလိုက်တာလည်း မင်းတို့ကောင်တွေ တယောက်မှ စောက်သုံးမကျဘူး
လူတယောက်ကိုတောင် သေချာစောင့်မကြည့်နိုင်ဘူးလား"

"ပြောစမ်း သူ့ကိုဘယ်သူလွှတ်ပေးလိုက်တာလဲ အရှင်မထားဘူး"

"ကျွန်တော်ပါ Daddy"

နောက်ကနေ ရောက်လာသော ဆယ်ဟွန်းကြောင့် ပိုပြီး ဒေါသထွက်သွားသည်

"ဟက် မင်းက အာ့ကောင်လေးအတွက်နဲ့ ငါ့ကို သစ္စာဖောက်တယ်ပေါ့"

"ကျွန်တော့်သူ့ကိုချစ်တယ် Daddy
သူက ကျွန်တော့်ဘဝပဲ သူမရှိရင် ကျွန်တော်လည်း အသက်ရှင်နိုင်မှာမဟုတ်တော့ဘူး"

"အေး မရှင်နဲ့ မင်းကို ငါကိုယ်တိုင်သတ်မယ်"

"Daddyဆန္ဒရှိရင်လည်း သတ်လိုက်ပါ ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့သူကို ကယ်လိုက်ရတဲ့အတွက် နောင်တရမှာမဟုတ်ဘူး"

"မင်း!!"

🚔🚔🚔🚔🚔🚔🚔🚔🚔🚔🚔🚔🚔

"Boss ကျွန်တော်တို့ကို ရဲတွေ ဝိုင်းထားပြီ"

"တောက်!!!အာ့တာမင်းကြောင့် အိုဆယ်ဟွန်း"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

"လက်နက်ချလိုက်ပါ~~မဟုတ်ရင် ကျွန်တော်သက်ညှာမှာမဟုတ်ဘူး"

"ဟက် မင်းက ဘာမို့လို့ အမိန့်လာပေးနေတာလဲ ကင်ဂျွန်မြောင် မင်းကြောင့်  ငါ့လုပ်ငန်းတွေလည်းပျက်စီးသွားပြီ ငယ်ငယ်ကတည်းက ငါ့စကားကိုအမြဲနားထောင်ခဲ့တဲ့ငါ့သားကလည်းအခုငါ့ကို ဆန့်ကျင်နေပြီ အကုန်လုံးက မင်းကြောင့် အာ့တော့မင်းသေမှ အေးမှာ"

"Daddyမလုပ်နဲ့~~"

ဒိုင်း!!!!
ဒိုင်း!!

"အာ့~~"

ဂျွန်မြောင့်ရှေ့မှာ ဝင်ရပ်ပေးလိုက်သောဆယ်ဟွန်းကြောင့် ကျည်ဆံက ဆယ်ဟွန်းကိုမှန်သွားသည်

"Sehun!"

"သား!!"

"Sehun~~ဟင့်"

"မငိုပါနဲ့ Hyungရယ် ကျွန်တော်က Hyungပျော်နေတာပဲ မြင်ချင်တာ hyungကိုကျွန်တော်လိမ်ခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်နော် အာ့"

Gentle🎐Where stories live. Discover now