Unicode
ဂျွန်မြောင်ထွက်လာတော့ စခန်းရှေ့မှာ ရပ်စောင့်နေသော ဆယ်ဟွန်းကိုတွေ့လိုက်ရသည်
"Hyung~~"
"Sehun Na ဘာလုပ်နေတာလဲ ဒီမှာ"
"ဟောဗျာ~~မေးပုံကြီးကလည်း သူစိမ်းဆန်လိုက်တာ
ကျွန်တော့်ချစ်သူအသစ်ဆက်ဆက်လေးကို လာကြိုတာပေါ့ဗျ""ဟို အိမ်ရောက်လည်းတွေ့ရမှာပဲကို"
"မစောင့်နိုင်တော့လို့ပေါ့"
"မင်းက ပိုကိုပိုတယ်"
"မပိုပါဘူး ချစ်တာပါ ကျွန်တော့်ကို အိတ်ပေး"
"ရပါတယ်~~"
"ပေးပါ~~"
လက်ထဲမှ အိတ်ကို အတင်းဆွဲယူသွားသည်
အခုပုံစံက မူကြိုကလေးလေးကို ကျောင်းလာကြိုတဲ့ပုံစံလိုဖြစ်နေသည်"သွားမယ်လေ hyung~~"
"အင်း"
ညမီးရောင်တွေအောက်မှာ ကောင်လေးနှစ်ယောက်ကတော့ အတွေးကိုယ်စီနှင့်
ဂျွန်မြောင်တယောက် ခါတိုင်းနှင့်မတူပဲ နေရခက်နေသည် ဆယ်ဟွန်းကတော့ တက်ကြွပီးရွှင်လန်းနေသည်
ခဏအကြာတော့ ဂျွန်မြောင့်လက်သေးသေးလေးကို ဆုပ်ကိုင်လာသော လက်တစုံ
လက်ကလေးကိုင်ရုံနှင့်ပင် ရင်တွေခုန်လှပြီ
အမှန်တိုင်းပြောရင် ဆယ်ဟွန်းက ဂျွန်မြောင့်ရဲ့ ပထမဆုံးသော ချစ်သူပင်
ငယ်ငယ်ကတည်းကနေ ယခုချိန်ထိ ရည်းစားမထားဖူးသော ဂျွန်မြောင့်အတွက် ဒီလိုအရာသေးသေးလေးတွေကအစ ရင်ခုန်စိတ်လှုပ်ရှားစေသည်~~~~~~~~~~~~~~~~~~~~~~~~~~~~
အခန်းထဲ ဝင်လိုက်တော့ အနံ့သင်းသင်းလေးရသည်
တခန်းလုံးဝေ့ဝဲကြည့်မိတော့ ရှင်းသန့်နေသည်"ငါ့အခန်းကို ရှင်းပေးထားတာမြန်းလား"
"ဒေါက် ဒေါက်"
"Hyung~ကျွန်တော်ဝင်လာပြီနော်"
"အင်း"
"အိပ်တော့မလို့လား"
"မအိပ်သေးပါဘူး ဒါနဲ့ ငါ့အခန်းကို ရှင်းပေးထားတာလား"
"အင်း~~"
YOU ARE READING
Gentle🎐
Romanceကြမ်းတမ်းနေတဲ့ ကိုယ့်ရဲ့ စိတ်ကို နူးညံ့လာအောင် ဖန်ဆင်းပေးတဲ့ ကိုယ့်ရဲ့ ဖန်ဆင်းရှင်✨