Unicode
ပိုင်မှူးယံက အပေါ်ထပ်အိပ်ခန်းထဲရောက်သောအခါတွင် အလုပ်,လုပ်စရာလည်းမရှိသောကြောင့် အိပ်လိုက်သည်။ ပိုင်မှူးယံ အိပ်ရာနိုးသောအခါတွင် နေပင်အတော်ပူနေချေပြီ ။
ပိုင်မှူးယံက ထထိုင်ကာ မျက်လုံးမှိတ်လျက်နှင့် စားပွဲပေါ်ရှိ မျက်မှန်ကိုစမ်းသည် ။ ခဏအကြာတွင် မျက်မှန်က သူ့လက်ထဲကိုရောက်လာ၍ ပိုင်မှူးယံကမျက်လုံးဖွင့်ကြည့်လိုက်သည် ။
မှိုင်းစေနိုင်ခက အိပ်ရာဘေးတွင်ထိုင်ပြီး သူ့ကိုပြုံးပြနေသည် ။
"မှိုင်း ငါဗိုက်ဆာတယ်"
ပိုင်မှူးယံက သူ့ဗိုက်လေးကိုပွတ်ပြီးပြောသည် ။
"ကိုကို ဘာစားချင်လဲ"
"ပုစွန်ကြော်ပေး"
"ကြော်ပေးရမှာပေါ့
အောက်ထပ်ဆင်းကြရအောင်"မီးဖိုခန်းထဲတွင် မှိုင်းစေနိုင်ခက အပြာရောင်ရှေ့ဖုံးခါးစည်းလေးကို ဝတ်ပြီးပုစွန်ကြော်နေသည်။ ပိုင်မှူးယံကတော့ ထိုင်ခုံပေါ်တွင် ထိုင်ပြီးပုစွန်ကြော်ကို စောင့်နေသည်။
"စားလို့ရပါပြီ"
ခဏအကြာတွင်ပင် မှိုင်းစေနိုင်ခကပုစွန်ကြော်ပန်းကန်ကို ယူလာသည် ။ ကြွေ ပန်းကန်ပြားအဖြူလေးထဲရှိ ပုစွန်လေးတွေကိုကြည့်ပြီး ပိုင်မှူးယံဗိုက်ပိုဆာလာသလိုပင် ။ သို့သော်လည်း ပိုင်မှူးယံက ပုစွန်ပန်းကန်ကို ကြည့်သာကြည့်နေပြီး မစားပေ ။
"ကိုကိုစားလေ"
မှိုင်းစေနိုင်ခက ပိုင်မှူးယံနှင့်မျက်နှာချင်းဆိုင် ထိုင်ခုံတွင်ဝင်ထိုင်ရင်းပြောသည် ။
"ဟိုဟာလေ....."
"အင်း"
"ဟိုဟာ......"
ပိုင်မှူးယံက ပြောရခက်နေပုံပင် ။
"ပြောလေ"
"ဟို ငါ့ကို ခွံ့ကျွေးပါ့လား"
"ဗျာ"
မှိုင်းစေနိုင်ခက ဘာမှပြန်မပြောပဲ သူ့ကိုကြောင်ကြည့်နေသောကြောင့် ပိုင်မှူးယံကသူ့ကိုခွံမကျွေးချင်ဘူး ဟုထင်သွားသည် ။အမှန်က မှိုင်းစေနိုင်ခက အပျော်လွန်ပြီး တိတ်ဆိတ်သွားခြင်း ဖြစ်သည် ။
YOU ARE READING
Please , Forgive me ( Complete )
RomanceA relationship gets stronger when both of you are willing to understand mistakes and forgive each other.🥀 M - Preg ❗ Starting Date - 20 , October, 2020❤️ Ending Date - 31 , December , 2020 ❤️ My first Own Creation (oc) fiction Please read a...