Ep 32

19K 1.7K 50
                                    

Unicode

"အဟွတ်... အဟွတ်"

အိပ်ရာထ,ထချင်းပင် ပိုင်မှူးယံချောင်းတွေဆိုးနေသည်။

"ကိုကို့ ကိုကျွန်တော်ပြောသားပဲ
ရေခဲမုန့်မစားပါနဲ့လို့
အခုတော့ဖြစ်ပြီမလား"

မှိုင်းစေနိုင်ခ၏ မေတ္တာဒေါသစကားသံကြောင့် ပိုင်မှူးယံဆီကမျက်စောင်းတစ်ချက်ကို ဆုလာဘ်အနေနှင့်ရလိုက်သည် ။

"အဟွတ်... အဟွတ်
မင်းဘာမှလာမပြောနဲ့... အဟွတ်"

ပိုင်မှူးယံက မျက်မှန်တပ်ပြီးနောက်
မှိုင်းစေနိုင်ခကိုပြန်ပြောကာ အိပ်ရာပေါ်မှဆင်းပြီး ရေချိုးခန်းထဲဝင်သွားသည်။

"ကိုကို ကျွန်တော်မျက်နှာသစ်ပေးမယ်လေ"

"ငါမှာလက်ပါတယ် အဟွတ်...
ငါ့ဘာသာသစ်မှာ မင်းဖယ်
အဟွတ်... အဟွတ်"

ပိုင်မှူးယံက မှိုင်းစေနိုင်ခကိုတွန်းဖယ်ကာသူ့ဘာသာ မျက်နှာသစ်သည် ။

"ကိုကို စိတ်‌ကောက်သွားတာလား
ကျွန်တော် တောင်းပန်တယ်နော်
ကိုကို့ ကိုမငေါက်တော့ဘူးနော်"

မှိုင်းစေနိုင်ခက ပိုင်မှူးယံဘေးတွင်မတ်တတ်ရပ်ကာပြောနေသော်လည်း ပိုင်မှူးယံကတော့လှည့်ပင်မကြည့် ။

"အဟွတ်...... အဟွတ်"

ပိုင်မှူးယံက သွားတိုက်ပြီးသည်နှင့် ရေချိုးခန်းထဲကနေထွက်ကာ ဗီရိုထဲမှအဝတ်အစားအသစ်တစ်စုံယူပြီး ရေချိုးခန်းထဲပြန်ဝင်ကာ အဝတ်စားလဲသည်။

ပိုင်မှူးယံရေချိုးခန်းထဲကနေထွက်လာသောအခါတွင် မှိုင်းစေနိုင်ခကချောင်းဆိုးပျောက်ဆေး နှင့် ရေထည့်ထားသည့်ဖန်ခွက်ကိုပေးသည် ။ 

"ကိုကို ဆေးသောက်မယ်နော်"

"အဟွတ်... အဟွတ် မသောက်ဘူး
မင်းကျွေးတာ ဘာမှမစားဘူး..အဟွတ်
ရေခဲမုန့်လေးကျွေးရတာတောင်
ငါ့ကိုလာအော်နေတာ...အဟွတ်....
မင်းတိုက်တဲ့ ဆေးပါသောက်ရင်ပိုအော်မှာ...အဟွတ်...အဟွတ်....ဖယ်.... "

ပိုင်မှူးယံက သူ့ရှေ့တွင်ရပ်နေသည့် မှိုင်းစေနိုင်ခကိုဖယ်ကာ အခန်းထဲကနေထွက်သွားသည် ။မှိုင်းစေနိုင်ခလည်း မျက်နှာပင်မသစ်တော့ဘဲ ပိုင်မှူးယံနောက်ကိုပြေးလိုက်သည်။

Please , Forgive me ( Complete )Waar verhalen tot leven komen. Ontdek het nu