Unicode
ပိုင်မှူးယံက တရုတ်စကားပန်းပင်အောက်ရှိ ခုံပေါ်တွင်ထိုင်ကာစာဖတ်နေသည် ။ မှိုင်းစေနိုင်ခကတော့ စည်သူတို့အလည်လာမည်ဖြစ်သောကြောင့် ကုမ္ပဏီမသွားဘဲ မင်းယံခကိုထိန်းရင်း စောင့်နေသည် ။
ခဏအကြာတွင်ပင် ခြံထဲသို့စည်သူ့ကားဝင်လာသည်။
စည်သူနှင့်ခန့်အောင်တို့က ကားပေါ်ကဆင်း,ဆင်းချင်းပင် မှိုင်းစေနိုင်ခနားကိုရောက်လာပြီး မင်းယံခကို ချီရန်ပြင်ကြသည် ။ စည်သူတို့နှင့်စိမ်းနေသည့် မင်းယံခကအထိပင်မခံဘဲမှိုင်းစေနိုင်ခကို တွယ်ကပ်နေသည် ။မှိုင်းစေနိုင်ခက မင်းယံခကိုစည်သူ့လက်ထဲထည့်ပေးလိုက်သောအခါတွင် မင်းယံခ၏နှုတ်ခမ်းလေးကချက်ချင်းမဲ့သွားပြီး အော်ငိုတော့သည် ။
"အူး...ဝါး.."
"မငိုနဲ့လေ...ယံလေးရာ
ဦးဦးက ချစ်လို့ချီတာလေ"မှိုင်းစေနိုင်ခ၏ ချော့နည်းကအလုပ်မဖြစ် ။ မင်းယံခက ငိုမြဲငိုနေသည် ။
မင်းယံခ၏ငိုသံကြောင့် ပိုင်မှူးယံက မှိုင်းစေနိုင်ခကိုလှမ်းကြည့်သည် ။ ထိုအခါမှသာလျှင် ပိုင်မှူးယံက စည်သူတို့ရောက်နေသည်ကိုသိသည် ။
စည်သူတို့အနားကို ပိုင်မှူးယံရောက်သောအခါတွင် မင်းယံခကပိုင်မှူးယံကိုလက်ကမ်းပေးသည် ။ ပိုင်မှူးယံကလည်းစည်သူ့ကိုပြုံးပြပြီး မင်းယံခကိုချီယူလိုက်သည် ။
"ယံလေးက ငိုနေရင်
ဦးဦးတို့ကမချစ်ဘဲနေလိမ့်မယ်နော်"ပိုင်မှူးယံက မင်းယံခ၏ကျောပြင်လေးကိုပုတ်ကာချော့သည် ။
မင်းယံခကတော့ ပိုင်မှူးယံ၏ပခုံးပေါ်ကိုမေးလေးတင်ပြီး ပိုင်မှူးယံ၏အင်္ကျီစကိုကိုင်ထားသည်။ မျက်တောင်လေးတွေကတော့ မျက်ရည်စများနှင့် ။
"အေးအေးဆေးဆေးစကားပြောကြဦးနော်
အကိုယံလေးကို သိပ်လိုက်ဦးမယ်"ပိုင်မှူးယံက မှိုင်းစေနိုင်ခတို့လွတ်လွတ်လပ်လပ်စကားပြောနိုင်အတွက် ရှောင်ပေးသည် ။ မှိုင်းစေနိုင်ခကတော့ ပိုင်မှူးယံအိမ်ထဲရောက်သွားမှ စည်သူတို့ကိုကြည့်သည် ။
YOU ARE READING
Please , Forgive me ( Complete )
RomanceA relationship gets stronger when both of you are willing to understand mistakes and forgive each other.🥀 M - Preg ❗ Starting Date - 20 , October, 2020❤️ Ending Date - 31 , December , 2020 ❤️ My first Own Creation (oc) fiction Please read a...