Unicode
အခုဆိုလျှင် မင်းယံခလေးသည်စကားတီတီတာတာတွေ ပြောတတ်နေပြီဖြစ်သည် ။ ဇေယျနှင့်ဆက်ပိုင်တို့၏ ဆက်ဆံရေးကလည်းချစ်သူဘဝကနေ မတတ်သေး ။ နှစ်ဖက်မိဘတွေက သဘောတူကြည်ဖြူထားပြီဖြစ်သော်လည်း ဆက်ပိုင်ကတော့ဇေယျလက်ထပ်ခွင့်တောင်းတိုင်း အချိန်ရွှေ့တတ်သည် ။
သွန်းပြည့်သာနှင့်သဇင်တို့၏ Designer သင်တန်းလေးကလည်း အတော်အသင့်နာမည်ရနေပြီဖြစ်သည် ။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးအမှန်ကို မည်သူကိုမှအသိမပေးကြသေးပေ။ ဦးမင်းနိုင်နှင့်ဒေါ်မေစံပယ်တို့ကလည်း သူတို့ပိုင်ဆိုင်သမျှအားလုံးကို မှိုင်းစေနိုင်ခဆီလွှဲပေးကာ အေးအေးဆေးဆေးသာနေကြတော့သည် ။
"ပါး.... ချိုချို"
မင်းယံခကကြမ်းပြင်ပေါ်တွင် ကစားနေရာကနေ ဆိုဖာပေါ်တက်ကာ စာဖတ်နေသည့်ပိုင်မှူးယံ၏အင်္ကျီကိုအတင်းလှန်သည်။ ပိုင်မှူးယံကစာအုပ်ကိုဘေးချလိုက်ပြီး အင်္ကျီလှန်နေသည့် မင်းယံခ၏လက်ကိုဆွဲသည် ။
"ယံလေး....မငယ်တော့ဘူးလေ
ကြည့်ဦး သွားပိုးလေးတွေတောင်စားနေပြီ
ချိုချို မစို့ရတော့ဘူး""ရဘူး....ချိုချို"
"ပါးကဖေ့ရော့ ချိုချိုတိုက်ရယ်
ယံရေးရိုရော့ တိုက်ဘူး"မင်းယံခ၏စကားကြောင့် Laptop ကိုစားပွဲပေါ်တင်ကာ ကြမ်းပြင်ပေါ်တွင်ထိုင်ပြီးစာရင်းစစ်နေသည့်မှိုင်းစေနိုင်ခက ပိုင်မှူးယံကိုကြည့်သည်။ ပိုင်မှူးယံကတော့ နားရွက်များနီနေကာ ပြန်ဖြေရမည့်စကားကို စဉ်းစားနေပုံပေါ်သည် ။
"ယံလေး
မင်းငါတို့အခန်းကိုခိုးကြည့်နေတာလား"အသက်သုံးနှစ်ပြည့်တော့မည့် မင်းယံခကိုပိုင်မှူးယံတို့က အခန်းခွဲသိပ်နေပြီဖြစ်သည် ။ သို့သော်လည်း မင်းယံခက ပိုင်မှူးယံကို မှိုင်းစေနိုင်ခအနိုင်ကျင့်မည်စိုးရိမ်ပြီး ပိုင်မှူးယံတို့အခန်းကို ခိုး,ခိုးကြည့်တတ်သည် ။ ထို့ကြောင့် အတူနေမည့်ရက်များတွင် မှိုင်းစေနိုင်ခက တံခါးကို Lock ချထားရသည် ။
"ဖေကပါးရိုအနိုင်ကျင့်ရင်ဘယ်ရိုရုပ်မရဲ
အရင်တစ်ခါရောင်ပါးရိုအနိုင်ကျင့်နေရာ"
YOU ARE READING
Please , Forgive me ( Complete )
רומנטיקהA relationship gets stronger when both of you are willing to understand mistakes and forgive each other.🥀 M - Preg ❗ Starting Date - 20 , October, 2020❤️ Ending Date - 31 , December , 2020 ❤️ My first Own Creation (oc) fiction Please read a...