Unicode
မှိုင်းစေနိုင်ခကားပေါ်ရောက်သောအခါတွင် ပိုင်မှူးယံက ကားအနောက်ခန်းထဲတွင် ကူရှင်ကိုမှီပြီး မျက်လုံးမှိတ်နေသည် ။ မှိုင်းစေနိူင်ခလည်း ပိုင်မှူးယံအနားယူနေသည်ကို မနှောင့်ယှက်ချင်သောကြောင့် စကားမပြောဘဲ ကားကိုသာဖြေးဖြေးမှန်မှန်ဖြင့် မောင်းနေလိုက်သည် ။
အိမ်ပြန်ရောက်သည်နှင့် ပိုင်မှူးယံကကားပေါ်ကဆင်းပြီး အိမ်ထဲဝင်သွားသည် ။ မှိုင်းစေနိုင်ခလည်း ကားပေါ်ကအမြန်ဆင်းပြီး ပိုင်မှူးယံနောက်ကိုပြေးလိုက်သည် ။
"ကိုကို ကျွန်တော်ရှင်းပြမယ်"
မှိုင်းစေနိုင်ခက ပိုင်မှူးယံရှေ့တွင်ပိတ်ရပ်ပြီးတားလိုက်သည် ။
"ကျွန်တော် သူ့ကိုမှတ်တောင်မမှတ်မိပါဘူး
သူက အတင်းစကားလာပြောလို့
ကျွန်တော်က မရိုင်းချင်လို့ပြန်ပြောလိုက်တာပါ ""မင်းကသူ့ကိုဘယ်မှတ်မိမလဲ
မင်းထားခဲ့တဲ့ ရည်းစားအရေအတွက်က
မင်းအသက်ထက်မှမကတာ""အာ့လိုမဟုတ်ဘူးလေ"
"ကျွန်တော်ရည်းစားများတယ်ဆိုတာ
ကိုကိုနဲ့မတွေ့ခင်အတိတ်ကပါ
အခုအချိန်မှာ ကျွန်တော်ကိုကို့ကိုပဲချစ်တာပါ""ငါ့ကိုပဲချစ်တာ ဟုတ်လား
ငါသူ့ကိုရိုက်ရင် သူ့အသားနာမှာဆိုးလို့
ငါ့လက်ကို ကိုင်ထားတာကိုခေါ်တာလား""အာ့တာက ကိုကိုအိမ့်ခြူးသွယ်ကိုရိုက်လိုက်ရင်
အိမ့်ခြူးသွယ်က ကိုကို့ကိုမိုက်ရိုင်းတဲ့စကားတွေပြန်ပြောမှာဆိုးလို့ပါ""ဟက်!!
မင်းကနာမည်ကိုတောင်မှတ်မိနေတာပဲ
ငါကလည်း ငါ့လက်အနာခံပြီး
မင်းရဲ့ရည်းစားဟောင်းကိုမရိုက်ဘူး စိတ်ချ""ကျစ်.. "
ရှင်းလေရှုပ်လေဖြစ်နေသောကြောင့် မှိုင်းစေနိုင်ခ စုတ်သပ်မိသည် ။
"သြော်..... မင်းကငါ့ကိုစိတ်ပျက်နေပြီပဲ
ကွာရှင်းချင်ရင်လဲ အချိန်မရွေးပြောနော်
ဟိုကမင်းကို Always Welcome တဲ့"ထို့နောက် ပိုင်မှူးယံက သူ့ရှေ့တွင်ပိတ်ရပ်နေသည့် မှိုင်းစေနိုင်ခကို တွန်းကာအပေါ်ထပ်တတ်သွားသည်။
BINABASA MO ANG
Please , Forgive me ( Complete )
RomanceA relationship gets stronger when both of you are willing to understand mistakes and forgive each other.🥀 M - Preg ❗ Starting Date - 20 , October, 2020❤️ Ending Date - 31 , December , 2020 ❤️ My first Own Creation (oc) fiction Please read a...