Unicode
"ကိုဆက် ကိုကိုဘာဖြစ်လာတာလဲ"
မှိုင်းစေနိုင်ခက အိမ်တံခါးဝရှိဆက်ပိုင်ကိုလှည့်ကြည့်ပြီး မေးသည် ။
"အာ့ဒါက......"
ဆက်ပိုင်က အိမ်ထဲဝင်လာကာ ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်ထိုင်ပြီးစကားပြောရန်ပြင်သည် ။ ဇေယျကလည်း ဆက်ပိုင်နောက်ကနေလိုက်လာသည် ။
Flash Back,
ပိုင်မှူယံ နှင့် ဆက်ပိုင်တို့စကားပြောနေစဉ်ပင် မှာထားသည်များရောက်လာသောကြောင့် စကားပြက်သွားကြသည် ။
ပိုင်မှူးယံကနေ့လည်စာ စစားရန်ပြင်နေစဉ်မှာပင် ပျို့တတ်လာသည် ။
"ပိုင်မှူး ဘာဖြစ်တာလဲ"
ဇေယျက ဆရာဝန်ပီပီစိတ်ပူပြီးမေးသည်။
"ဟင်းနံကပြင်းတယ်
ငါမစားနိုင်ဘူး"ပိုင်မှူးယံကနှာခေါင်းနှင့်ပါးစပ် ကိုလက်နှင့်အုပ်ရင်းပြောသည် ။
"ယောကျာ်းချက်ကျွေးတာတွေစားပြီး
အကျင့်ပျက်နေတယ်
ဟင်းက အဆင်ပြေပါတယ်"ဆက်ပိုင်ကထမင်းလုပ်ကို ပါးစပ်ထဲထည့်ရင်းပြောသည် ။
"အကျင့်ပျက်တာမဟုတ်ပါဘူးကွ
ဟင်းနံကတကယ်ပြင်းတာ
ငါမစားနိုင်ဘူး
ပြီးတော့ ခေါင်းတွေ မူးလာသလိုပဲ""မင်းနေမကောင်းဘူးလား"
ဇေယျကမေးရင်း ခါးကိုင်းကာ ပိုင်မှူးယံ၏
နဖူးကိုစမ်းကြည့်သည် ။ ထို့နောက်
လက်ညိုး နှင့် လက်ခလယ်ကို လက်ကောက်ဝတ်ရှိသွေးကြောပေါ်ကိုတင်ပြီး သွေးခုန်နှုန်းတိုင်းကြည့်သည် ။"ကောင်းပါတယ် မနေ့က မိုးမိလို့နေမှာပါ
မင်းတို့ပဲစားတော့ ငါမစားတော့ဘူး""နေ့လည်စာ စားပြီးရင်ငါနဲ့ ဆေးရုံလိုက်ခဲ့"
"ဘာလို့လိုက်ရမှာလဲ
အစာမစားချင်ပြီး ခေါင်းမူးရုံပဲဟာ""လိုက်ခဲ့ပါကွာ
ဆက်ပိုင်မင်းလည်းလိုက်ခဲ့""အေးအေး"
ဆက်ပိုင်နှင့်ဇေယျတို့ နေ့လည်စာစားသည်ကို ပိုင်မှူးယံက ထိုင်စောင့်နေသည် ။
KAMU SEDANG MEMBACA
Please , Forgive me ( Complete )
RomansaA relationship gets stronger when both of you are willing to understand mistakes and forgive each other.🥀 M - Preg ❗ Starting Date - 20 , October, 2020❤️ Ending Date - 31 , December , 2020 ❤️ My first Own Creation (oc) fiction Please read a...