Unicode
"ဓာတု ငါတို့တွေ့နေကျနေရာလာခဲ့
ပစ္စည်းလည်းယူခဲ့ပေး""မေ အရင်နေ့ကမှယူထားတာလေ"
"မရှိတော့ဘူးဟာ ယူခဲ့ပေး"
အမရာမေကဓာတုပြန်ဖြေမည့်ပြန်ဖြေမည့်အဖြေကို မစောင့်ဘဲဖုန်းချသွားသည်။ဓာတုက ဖုန်းမျက်နှာပြင်ကိုကြည့်ရပြီးသက်ပြင်းချမိသည်။
အရောင်စုံမီးတွေအောက်ရှိ အရောင်စုံ၊အရွယ်စုံလူတွေ ။ ထိုလူတွေကြားထဲမှဆံပင်ကိုအစိမ်းရောင် Hightlight ဖောက်ထားပြီး နားကပ်တစ်ဖက်တပ်ထားသည့်ကောင်လေး ။ ထိုကောင်လေးက အနက်ရောင်ဂျာကင်အင်္ကျီနှင့် ဂျင်းဘောင်းဘီအနက်ရောင်ဒူးပြဲကိုဝတ်ဆင်ထားပြီး ရေခဲတုံးလေးတွေပါသည့် အယ်လ်ကိုဟောခွက်ကို စတိုင်ကျကျသောက်နေသည် ။
ကလပ်ထဲရှိမိန်းကလေးအများစုကထိုကောင်လေးကိုကြည့်နေသော်လည်း ထိုကောင်လေးကတော့ ကလပ်၏ဝင်ပေါက်ကိုသာကြည့်နေပြီ တစ်စုံတစ်ယာက်ကို စောင့်နေဟန်ရှိသည်။
ခဏအကြာတွင်ကလပ်ထဲသို့ ရွှေရောင်ဆံနွယ်များကိုအပေါ်မြှောက်ကာ ကပိုကရိုထုံးထားပြီး ပေါင်လည်ထိသာရှည်သည့်အနီရောင်အသားကပ်ဂါဝန်ကိုဝတ်ထားသည့် ကောင်မလေးတစ်ယောက်ဝင်လာသည်။ အဖြူရောင်အသားအရေတွင် အနီရောင်ရဲရဲကိုဝတ်ထားသောကြောင့် ထိုကောင်မလေးက အားလုံးကြားထဲတွင်ထင်ပေါ်နေကာ ယောကျာ်းလေးများ၏ အာရုံကိုသာမက မိန်းကလေးများ၏အာရုံကိုပါဖမ်းစားနေသည်။
"မေကိုယ်ဒီမှာ"
ဓာတုကလက်ပြပြီးခေါ်လိုက်သောအခါတွင် အမရာမေကဓာတုထိုင်နေသည့်နေရာ သို့ရောက်လာသည်။
"မေ ဘာသောက်မလဲ"
"တော်ပြီ
ငါမှာထားတာပါလား"အမရာမေက ဆုံလည်သံထိုင်ခုံတွင်ဝင်ထိုင်လိုက်ရင်းပြောသည် ။
"မေ နင်ရပ်လိုက်သင့်ပြီနော်
ဦးဝေသိရင် shock ရသွားလိမ့်မယ်""အခု ဒယ်ဒီမှမသိတာ"
"ငါနင့်ကိုအကူအညီတစ်ခုတောင်းချင်သေးတယ်"
"ပြောလေ"
"ငါ့ကို... #£₹¢¥€"
အမရာမေ၏စကားကိုကြားပြီးနောက် ဓာတုမျက်လုံးပြူးသွားသည် ။
YOU ARE READING
Please , Forgive me ( Complete )
RomanceA relationship gets stronger when both of you are willing to understand mistakes and forgive each other.🥀 M - Preg ❗ Starting Date - 20 , October, 2020❤️ Ending Date - 31 , December , 2020 ❤️ My first Own Creation (oc) fiction Please read a...