Unicode
[ Song Recommendation - I Do ]
ပိုင်မှူးယံက မင်းယံခကိုပေါင်ပေါ်တင်ကာ
မနက်စာ စားနေသည်။ ခြောက်လကျော်ပြီဖြစ်သည့် မင်းယံခလေးက လူကြီးအကူအညီဖြင့် ထိုင်နေနိုင်ပြီဖြစ်သည် ။ မှိုင်းစေနိုင်ခကတော့ ထမင်းပန်းကန်ကို စိုက်ကြည့်ပြီး ဇွန်းဖြင့်မွှေနေသည် ။ မင်းယံခက စားပွဲကိုရိုက်ကာဆော့နေသည် ။"မှိုင်း
ထမင်းကိုဘယ်လိုလုပ်နေတာလဲ
မစားချင်ရင် မစားနဲ့""အစားအစာကိုမလေးမစားမလုပ်နဲ့
မကြိုက်ဘူး""ဟုတ်"
ပိုင်မှူးယံကအော်လိုက်သောကြောင့် မှိုင်းစေနိုင်ခကထမင်းပန်းကန်ကိုမမွှေတော့ဘဲ ကော်ဖီယူသောက်သည် ။ မင်းယံခ၏ စားပွဲကိုရိုက်နေသည့်လက်လေးက ရပ်သွားပြီး ပိုင်မှူးယံကိုမော့ကြည့်သည် ။
"ဘာကြည့်တာလဲ"
ပိုင်မှူးယံက ရုပ်တည်ကြီးနှင့်စလိုက်သောအခါတွင် မင်းယံခက ငိုမဲ့မဲ့ဖြစ်သွားသည် ။
"ဘာလို့မဲ့သွားတာလဲ....
ပါးကချစ်လို့စတာလေ""ဖေဖေ့ကုမ္ပဏီသွားတာကို လိုက်ပို့ကြမလား"
ပိုင်မှူးယံက မင်းယံခကို ငုံ့ကြည့်ကာမေးသည် ။ ထို့နောက် မှိုင်းစေနိုင်ခကိုကြည့်ကာ....
"မှိုင်း စားဦးမှာလား"
"တော်ပြီကိုကို"
ပိုင်မှူးယံက မင်းယံခကိုချီလိုက်ပြီး ခုံပေါ်ကနေထကာ မှိုင်းစေနိုင်ခကို အိမ်တံခါးဝအထိလိုက်ပို့သည် ။
မှိုင်းစေနိုင်ခက ပိုင်မှူးယံနှင့်မင်းယံခတို့၏ပါးလေးတွေကိုနမ်းပြီးနှုတ်ဆက်ချင်သော်လည်း မင်းယံခငိုမည်ဆိုး၍ လက်ပြပြီးသာနှုတ်ဆက်လိုက်ရသည် ။ညနေပိုင်းတွင် ပိုင်မှူးယံက ခြံထဲဆင်းပြီးလမ်းလျှောက်ကာ မှိုင်းစေနိုင်ခကိုစောင့်ရင်း မင်းယံခကိုထိန်းနေသည် ။
"သားပိုင်...ဖုန်းလာနေတယ်"
ပိုင်မှူးယံက မင်းယံခကို လက်တစ်ဖက်တည်းဖြင့်ချီကာ ကျန်လက်တစ်ဖက်ဖြင့်ဒေါ်မြပေးသည့် ဖုန်းကိုယူသည် ။
DU LIEST GERADE
Please , Forgive me ( Complete )
RomantikA relationship gets stronger when both of you are willing to understand mistakes and forgive each other.🥀 M - Preg ❗ Starting Date - 20 , October, 2020❤️ Ending Date - 31 , December , 2020 ❤️ My first Own Creation (oc) fiction Please read a...