Ep 54

16.4K 1.3K 248
                                    

Unicode

ဆေးရုံတစ်ပတ်တက်ပြီးနောက်တွင် ပိုင်မှူ ယံ၏ ညာဘက်လက်မှအပကျန်ဒဏ်ရာများအားလုံးသက်သာသွားပြီဖြစ်သောကြောင့်ဆေးရုံဆင်းရပြီဖြစ်သည်။

ကားရှေ့ခန်းထဲတွင် မှိုင်းစေနိုင်ခတစ်ယောက်တည်းထိုင်ကာကားမောင်းနေပြီး ကားနောက်ခန်းထဲတွင်တော့ မင်းယံခက ပိုင်မှူးယံ၏ပေါင်ပေါ်တွင်မျက်နှာချင်းဆိုင်ထိုင်နေသည်။

"ပါး"

"အွန်း"

"သေးသေးရေးရသေးဘူးရား"

"ရတော့မှာပါ"

"သေးသေးရေးက ဘယ်ကနေထွက်ရာမှာရဲ"

"ပါး ဗိုက်ထဲကနေထွက်လာမှာပေါ့"

"ပါးနာမှာပေါ့"

မင်းယံခကနှုတ်ခမ်းလေးဆူကာပြောသည်။

"နည်းနည်းတော့နာမှာပေါ့"

"သေးသေးရေးရိုချင်တော့ဘူး"

"အာ့လိုလုပ်လို့မရဘူးလေ"

"ရအောင်ရုပ်ပေး"

"ပါးကဘယ်လိုလုပ်ရမှာလဲ"

"သိဘူး ရအောင်ရုပ်"

"ပါးမှမလုပ်တတ်တာ"

"ဖေ့ကိုရုပ်ခိုင်း
ဖေကသေးသေးရေးရအောင်ရုပ်တတ်ရော့
ထွက်မရာအောင်ရဲ ရုပ်တတ်မှာ"

မင်းယံခ၏စကားကြောင့် မှိုင်းစေနိုင်ခ နောက်လှည့်မကြည့်သော်လည်း ပိုင်မှူးယံ၏နားရွက်လေးတွေနီနေမည်ဆိုတာကိုသိနေပြီး ပိုင်မှူးယံပြန်ဖြေမည့်အဖြေကို နားစွင့်နေသည်။

"ယံလေးကိုမွေးတုန်းကလဲပါးနာတာပဲ
ဒါပေမယ့်.....ယံလေးရဲ့မျက်နှာလေးလည်း
မြင်လိုက်ရရော ပါးမနာတော့ဘူး"

"အာ့တာကြောင့် ပါး နာမှာကိုစိတ်မပူနဲ့တော့နော်"

ပိုင်မှူးယံက မင်းယံခ၏ဆံပင်လေးတွေကို သပ်ပေးရင်းပြောသည် ။

"သေးသေးရေး ထွက်ပြီးရင်နာတော့ဘူးရား"

"ဒါပေါ့ သေးသေးလေးမွေးမယ်နော်"

မင်းယံခကခေါင်းညိတ်ပြီး ပိုင်မှူးယံ၏ နှုတ်ခမ်းကိုနမ်းသည်။ ထို့နောက် ကားလေးထဲတွင်စကားသံများတိတ်ဆိတ်သွားသည်။

Please , Forgive me ( Complete )Wo Geschichten leben. Entdecke jetzt