Ep 37

18.5K 1.5K 97
                                    

Unicode

မှိုင်းစေနိုင်ခက အိပ်ရာနိုးနိုးချင်း ပိုင်မှူးယံ၏နဖူးလေးကို နမ်းကာနှိုးလိုက်သည်။

"မွေးနေ့မှာပျော်ရွှင်ပါစေ ကိုကို"

"အွန်း....ကျေးဇူးပဲ"

ပိုင်မှူးယံက မျက်လုံးဖွင့်ပြီးသူ့ဘေးရှိမှိုင်းစေနိုင်ခကို လှည့်ကြည့်ကာပြောသည် ။

"ကိုကို ဘုရားသွားမှာမလား"

"မသွားတော့ဘူး
အိမ်ရှေ့မှာပဲ သံဃာတော်တွေကို
ဆွမ်းလောင်းတော့မယ်"

"ယံလေး ကငယ်သေးတယ်
ကြီးမြ နဲ့အကြာကြီး အပ်ထားလို့မဖြစ်သေးဘူး"

"အွန်း"

"ဒါနဲ့....
ယံလေးကော"

"ကိုကိုပြောမှ သတိရတယ်
ယံလေးကော"

"ဘာ"

ပိုင်မှူးယံက မျက်မှန်ယူတပ်ကာ အိပ်ရာပေါ်မှဆင်းပြီး မင်းယံခကိုရှာသည် ။

အိပ်ရာဘေးပတ်ပတ်လည်တွင်လည်းရှာမတွေ့သောကြောင့် ပိုင်မှူးယံက အိပ်ရာပေါ်တွင်ထိုင်နေသည့် မှိုင်းစေနိုင်ခကိုကြည့်သည် ။

"မှိုင်း
မင်းအိပ်ရာနိုးကတည်းက ယံလေးမရှိတာလား"

"ကျွန်တော်သတိမထားမိဘူး"

"မနေ့ညကတောင်ကိုကို့ရင်ဘတ်ပေါ်မှာအိပ်နေသေးတာပါ
အခုဘယ်ရောက်သွားတာလဲ
ရေချိုးခန်းထဲများဝင်သွားတာလား"

မှိုင်းစေနိုင်ခက အိပ်ရာပေါ်ကဆင်းပြီးရေချိုးခန်းတံခါးကို ဖွင့်ကြည့်သည်။

"ရူးနေလား.... မှိုင်း
လေးဖက်ထောက်တောင်မသွားနိုင်သေးတဲ့
ကလေးက
ဘယ်လိုလုပ်ပြီး ရေချိုးခန်းထဲဝင်မှာလဲ"

မှိုင်းစေနိုင်ခကရေချိုးခန်းတံခါးကိုပိတ်ပြီး ပိုင်မှူးယံကို ကြည့်ကာ သွားစွယ်လေးပေါ်အောင် ပြုံးပြသည် ။

"အဲ့..... အဲ့....."

ထိုစဥ် မှန်ဗီရိုနားလေးမှ မင်းယံခ၏ငိုသံကိုကြားလိုက်ရသည်။

"ယံလေး"

ပိုင်မှူးယံက မှန်ဗီရိုနားကိုသွားကြည့်သောအခါတွင် နံရံနှင့်မှန်ဗီရိုကြားတွင် ပက်လက်လေးငိုနေသည့် မင်းယံခကိုတွေ့သည် ။ ပိုင်မှူးယံက မင်းယံခကိုချီယူကာချော့သည် ။

Please , Forgive me ( Complete )Where stories live. Discover now