Unicode
မှိုင်းစေနိုင်ခ ပိုင်မှူးယံနောက်ကိုလိုက်နေစဥ် Accident တစ်ခုကြောင့်ယာဥ်ကြောပိတ်သွားသည်။
"ဟာ.... အရေးကြီးပါတယ်ဆိုမှ"
"F**K"
မှိုင်းစေနိုင်ခက စတီယာတိုင်ကိုလက်နှင့်ရိုက်ပြီးပြောသည် ။
မှိုင်းစေနိုင်ခစိတ်ညစ်ညစ်နှင့်ထိုင်နေရင်း Accident အကြောင်းပြောကာလမ်းလျှောက်လာသည့် အဒေါ်ကြီးနှစ်ယောက်ကိုတွေ့လိုက်သည်။
"ကြီးကြီးတို့ရှေ့က Accident ကကြာဦးမှာလား"
မှိုင်းစေနိုင်ခက ကားထဲမှာပင်ထိုင်နေရင်း
ကားတံခါးအပြင်ဘက်ကိုခေါင်းထွက်ကာသတင်းမေးလိုက်သည် ။"ကြာဦးမယ်ထင်တယ်ကွယ့်
အခုထိလူနာတင်ယာဉ်မလာသေးဘူး""သနားစရာပါကွယ်....
အဖေက ကလေးကိုကာပေးရင်းနဲ့
တစ်ကိုယ်လုံးသွေးတွေချည်းပဲ
ကလေးကလည်း မျက်ရည်တစ်စက်မှမကျဘူး
ပါး... ပါး....နဲ့ပဲခေါ်နေတာ""ယံလေး.."
မှိုင်းစေနိုင်ခက အဒေါ်ကြီးနှစ်ယောက်ပြောသည့်စကားကိုကြားပြီး မင်းယံခ၏ နာမည်ကိုတီးတိုးရေရွက်လိုက်သည် ။
"ကြီးကြီး ကလေးအဖေကရှပ်အင်္ကျီ
အဖြူရောင် ဝတ်ထားတာလား""ဟုတ်တယ်ကွယ့်
အင်္ကျီအဖြူကိုသွေးတွေရဲလို့ပဲ""ကိုကို"
မှိုင်းစေနိုင်ခက အဒေါ်ကြီးနှစ်ယောက်ကိုကျေးဇူးတင်စကားပင် မပြောနိုင်တော့ဘဲကားတံခါးကိုဖွင့်ကာ Accident ဖြစ်သည့်နေရာသို့ပြေးသွားသည်။ မှိုင်းစေနိုင်ခ၏ စိတ်ထဲတွင်တော့ ပိုင်မှူးယံ နှင့်မင်းယံခမဖြစ်စေရန်ဆုတောင်းနေမိသည် ။
မှိုင်းစေနိုင်ခက လူအုပ်ကြီးကိုတိုးဝေ့ရင်း
ကားနားသွားသည် ။ သူ့ဆုတောင်းမပြည့်ပါ ။ Accident ဖြစ်သည့်ကားက ပိုင်မှူးယံ၏ကားဖြစ်နေသည် ။ကားရှေ့ပိုင်းတစ်ခုလုံးကချိုင့်ဝင်နေပြီး မှန်တစ်ခုလုံးကလည်းကွဲနေသည်။ ပိုင်မှူးယံက ကားကူရှင်ကိုမှီပြီးသတိလစ်နေကာ အင်္ကျီ
အဖြူကလည်းသွေးများကြောင့် နီရဲနေပြီဖြစ်သည် ။မင်းယံခကတော့ သွေးများစွန်းနေသည့် ပိုင်မှူးယံ၏လက်ကိုကိုင်နေသည်။
KAMU SEDANG MEMBACA
Please , Forgive me ( Complete )
RomansaA relationship gets stronger when both of you are willing to understand mistakes and forgive each other.🥀 M - Preg ❗ Starting Date - 20 , October, 2020❤️ Ending Date - 31 , December , 2020 ❤️ My first Own Creation (oc) fiction Please read a...