(3)သစ္စာစကား သစ်စာစကား

8.2K 782 43
                                    

Zawgyi
........

ဘုရားရင်ပြင်ပေါ်သို့တတ်ကာ ရွှေတိဂုံစေတီကြီးကို ဖူးမြော်ရင်း တန်ဆောင်းတစ်ခုသို့ဝင်ကာနားကြသည်။

"လွန်း ဘာဖြစ်လို့လဲ"

"ပူလို့....ဟူး...."

ပူတယ်ဆိုပြီး အင်္ကျီ ကြယ်သီး ၂လုံးကိုဖြုတ်လိုက်တော့ မြင်ရတဲ့သူက ဟာကနဲ ဟင်းကနဲ....။
ကိုယ့်စိတ်ကိုလာစမ်းနေတာပဲ လွန်းရယ် ။

"မရဘူး ပြန်တပ်ထား"

ပြောရင်း ကြယ်သီးတွေကိုပြန်တပ်ပေးတော့ လွန်းရိပ် ကရိုက်ချလိုက်သည်။

"ဘာဖြစ်နေတာလဲ အကို ။ ဟိုအကောင်က အကို့ ကိုကြည့်နေတယ်လေ "

"ဘာဖြစ်လဲ မင်းနဲ့ဆိုင်လား"

"ဆိုင်တယ် အကို က ကျွန်တော့် အပိုင်လေ "

သူတို့ ၂ ဦးကြားက လေထုကငြိမ်သက်သွားလေသည်။

ခဏကြာတော့ ဆက် ကနေစပြီး

"အကို သိလား? အကို့ ကို လေးစားတယ် သဘောလဲကျတယ် ပြီးတော့..... "

လွန်း ကတော့ နောက်ဆက်ပြောမဲ့စကားကိုသာနားထောင်နေလေသည်။

"ထားပါတော့ အချိန်တန်ရင် ကျွန်တော် အကို့ကိုပြောမှာပါ အခုတော့ ကြယ်သီးပြန်တပ်ထား သဝန်တိုတယ် "

လွန်း ကတော့ရယ်၍ ကြယ်သီး ကိုပြန်တပ်လိုက်သည်။
လွန်း ရဲ့စိတ်ထဲမှာတော့

*တကယ်လည်း တတ်နိုင်တဲ့ ကလေးလေး။ *

သူတို့ ၂ ဦး တန်ဆောင်းမှ ထ၍ ဘုရားရင်ပြင်ပေါ်သို့ ပတ်ဖူးမြော်ကြသည်။ ဈေးတန်းဘက်သို့လျှောက်ကာ
မုန့်တွေ အမှတ်တရပစ္စည်းတွေဝယ်ကြလေသည်။

"အကို ဒါလေးလာကြည့်ပါလား "

ဆက် က လွန်း ကိုလှမ်းခေါ်လေသည်။ လွန်းလည်း ထိုင်နေရာမှထလာကာ

"ဒါလေးလေ လှတယ်တွေ့လား ရော့ အကိုက S လို့ရေးထားတာကိုယူ ကျွန်တော်က L လို့ရေးထားတာကိုယူမယ် "

လွန်း လည်းပြုံးပြကာ လက်ပတ်လေးကိုယူလိုက်သည်။
ဆက် က လွန်း ကိုပတ်ပေးကာ လွန်း ကလည်း ဆက်ကို ပတ်ပေးလေသည်။

"မောင်" စေရင်...S2 ( "မောင်" စေရင်...){Completed }Kde žijí příběhy. Začni objevovat