(18)ရှင်းပစ်ရုံလေး ရှင်းပစ်ရုံလေး

6.2K 549 26
                                        

Zawgyi
.........

နှင်းတွေကျနေသည်ဟုထင်ရသောမနက်ခင်းတစ်ခုရယ်။
ကလေး လေးတစ်ယောက်ရယ်။
မောင့် ဘေးနားထိုင်ကာပုခုံးလေးပေါ်မှီထားသောလွန်းရယ်။
ပန်းနုရောင်ဖျော့ဖျော့အိမ်လေးတစ်လုံးရယ်။

မောင် ကစကားဆိုလာသည်။

"မောင် လေ လွန်း ကိုအရမ်းချစ်တာသိလား"

"သိတာပေါ့ မောင် ရဲ့ "

"ဒယ်ဒီ ပါးပါး"

အသံသေးသေးလေးနဲ့ ထိုင်နေတဲ့ မောင် နဲ့ လွန်း ကိုကလေးလေးကလာခေါ်သည်။

လွန်း က

"ပါးရဲ့မီးမီးလေး ဘာလို့ချင်လို့လဲ"

ကလေး က နှုတ်ခမ်းလေးထော်ကာ

"မီး ကိုချီ မီး ကိုချီ "

မပီကလာ ပီကလာလေးနဲ့ပြောနေသော ကလေး​လေးကို လွန်း ကချီလိုက်၍ မောင် က လွန်းနဲမီးမီးလေးကိုဖက်ထားလေသည်။

--ကြည့်ကြပါဦး ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်လဲ ကိုယ်ပိုင်မိသားစု ဘဝလေးနဲ့ပေါ့ တကယ်ကိုကြည်နူးစရာလေးပဲဗျာ--

.
.
.
.
.
.
.
.
.

လွန်း လည်းအိပ်ရာမှနိုးလာတာမို့ထကာ အိမ်မက်လေးအကြောင်းစဉ်းစားမိသည်။

ငါတို့ကသူများတွေလိုပျော်ရွှင်မှုနဲ့မထိုက်တန်လို့လား?မောင် ငါအရမ်းသိချင်တာ ငါနဲ့မောင်ကဘာတွေလဲ ဆိုတာကိုပေါ့ အဲ့လိုဖြစ်နေတဲ့ဘဝကြီးကိုငါမုန်းတယ် ငါ့ကိုယ်ငါလည်းမုန်းတယ် ဒါပေမဲ့ မောင့်ကိုတော့ ဘယ်တုန်းကမှမမုန်းခဲ့ပါဘူး။

မနေ့ညက မောင် နဲ့ရန်ဖြစ်ပေမဲ့လည်း မောင်ကသူ့အနားမှာရှိတုန်းပါပဲ လွန်းရဲ့ဘေးနားကခုံမှာထိုင်ကာ ကုတင်ပေါ်ကိုခေါင်းစိုက်၍ အိပ်ပျော်နေလေသည်။

မောင့်ရဲ့ဆံနွယ်လေးတွေကိုကိုင်၍ အပြစ်အနာစာ မရှိသော ပါးပြင်လေးတွေနဲ့နှုတ်ခမ်းတွေကိုကိုင်ကြည့်မိသည်။ အတန်အကြာကိုင်ပြီးမှ နှုတ်ခမ်းဖျားလေးလှုပ်ရုံလောက်သောစကားတို့ကိုဆိုသည်။

"ငါ့အပိုင်တွေဖြစ်ရမှာ..."

"စိတ်ချပါ မောင့် အရာအားလုံး က လွန်း အတွက်ပဲ"

"မောင်" စေရင်...S2 ( "မောင်" စေရင်...){Completed }Where stories live. Discover now