(7)ကမ္ဘာအဆုံး ကမျဘာအဆုံး

6.3K 663 62
                                    

Zawgyi
........
ရှူတင်ကနေထွက်လာတာ အခုဆို အတန်အသင့်တောင်ကြာနေပြီလေ ။

"ဟူး....ကားတွေကလည်းပိတ်လိုက်တာ "

စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်ပေမဲ့ ကံတရားကမျက်နှာသာပေးခဲ့တယ်။ သူ့ကားဘေးလာရပ်သော ဆိုင်ကယ် ကယ်ရီ သမားတစ်ဦး။

ရှိန်းသူ ကားမှန်တံခါးချကာ ခေါင်းထွက်၍

"အကိုရေ ဆိုင်ကယ် ကယ်ရီရတာလား"

"ဟုတ်တယ် ငါ့ညီရေ "

ရှိန်းသူလည်းကားကို ဘေးနားနည်းနည်းကပ်ကာ ရပ်၍ ကားပေါ်မှဆင်းကာ ဇိုင်း ရဲ့ ရုံးခန်းတည်နေရာကိုပေးကာ ဆိုင်ကယ်နဲ့လာလိုက်သည်။ ဆိုင်ကယ်က ဖြည်းဖြည်းလေးမောင်းတာတောင် လှစ်ကနဲ ပဲလေ။

"အကို မြန်မြန်လေး "

"အင်းမြန်နိုင်သလောက်မောင်းပေးမယ်"

"ဟုတ်ကဲ့ပါ ကျွန်တော်အမြန်ကြေး ပေးပါ့မယ် "

"ရပါတယ် မလိုပါဘူး စေတနာ ပါ"

ရှိန်း လည်း ဘာမှပြန်ပြောမနေတော့ပေ ။ အခုချိန်မှာ ဇိုင်း သာစိတ်ထဲရောက်နေလေသည်။

ရုံး ကိုရောက်တော့ ရပ်ခိုင်းကာ ငွေရှင်း၍

"ပိုတာပြန်မပေးနဲ့တော့နော် ကျေးဇူးပါအကိုရေ!"

ရှိန်း လည်းအလျင်အမြန်ပဲ ဇိုင်း ရဲ့ရုံးခန်းအပေါ်ထပ်ကိုပြေးတတ်လာလိုက်သည်။

ဒုန်း!

ဝင်တိုက်တာလည်းမရ ။ ပြီးတော့ မှ သတိရသွားလေသည်။ သော့အပိုကိုယူကာ ဖွင့်လိုက်လေသည်။
ဇိုင်း ကသူ့အတွက်ပါ သော့အပိုတစ်ချောင်းလုပ်ပေးထားတာမို့။

"ကိုကို!"

မျက်စီရှေ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရှိန်း နောက်ပြန်တောင်လဲကျလေသည်။သဇင်ထက် ဆိုတဲ့မိန်းမက ဇိုင်းရန် အပေါ်ကိုတက်ထိုင်ကာ ဇိုင်း ကလည်း ထိုမိန်းမကိုပွေဖက်ထားလေသည် ။

ရှိန်းရဲ့ ရင်ဘတ်ကို မြှားအစင်းတစ်ရာလောက် မထင်မှတ်ပဲ စိုက်ဝင်သွားသလိုပဲ။ ကြိုတင်ကြံစည်ထားတာထက် မထင်မှတ်တာ က ပိုနာကျင်ရတယ်မဟုတ်လား?

"မောင်" စေရင်...S2 ( "မောင်" စေရင်...){Completed }Donde viven las historias. Descúbrelo ahora