Zawgyi
.........
ညနေရောက်ရင်ပြန်ရတော့မှာမို့ စားသောက်ပြီးတာနဲ့ အခန်းကိုသာတန်းပြန်လာခဲ့ရသည်။ သိမ်းစရာရှိသည်တို့ကိုသိမ်းကာ နောက်ဆုံးတစ်ခေါက်အဖြစ် ဈေးတန်းလျှောက်ကြလေသည်။
အတူတူသွားနေရင်း ပုဇွန်တွေတွေ့တာမို့
"မောင် ငါပုဇွန်စားချင်တယ် "
"အခုမှလား ၃ နာရီတောင်ထိုးနေပြီ အစာမကြေဖြစ်ဦးမယ်"
"မောင်ကလည်း ငါစားချင်လို့ကို...."
နှုတ်ခမ်းထော်ကာ ပြောလိုက်တော့ မောင် က မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ ကြည့်လာလေသည်။
"ကဲ ပြီးရော ဝယ်လေ "
ဝယ်ပြီး၍ လွန်း က ပိုက်ဆံရှင်းရန်ပြင်နေတာမ်ို့ ဆက် ကဝင်၍
"အန်တီ အဲ့အတိုင်းနောက်တစ်ထုပ်ထပ်ထည့်ပေး "
လွန်း ယူထားတဲ့ပုံစံအတိုင်း နောက်တစ်ထုပ်ထပ်ထည့်ခိုင်းလေသည်။ အန်တီကြီးကလည်းထည့်ပေးရင်း ဆက် က်ုပေးလိုက်လေသည်။
"၃ ချောင်း ၁၀၀၀ ဟုတ်လား? အချောင်း၂၀ ဆိုတော့ ၇၀၀၀ မပြည့်ဘူးဆိုတော့က ....ရတယ် အန်တီပြန်မအမ်းနဲ့တော့ "
ထိုအန်တီကြီးကို၇၀၀၀ပေး၍ ထိုနေရာကနေ ထွက်လာခဲ့လိုက်သည်။ နှစ်ယောက်တစ်ကမ္ဘာဖြစ်နေတာမို့ ဘုန်းမြတ်နဲ့ကျော်စွာတို့လည်းဘယ်ရောက်သွားမှန်းမသိပေ။
ထို့နောက် ခရုခွံလေးတွေနဲ့လုပ်ထားတဲ့အလှပစ္စည်းလေးတွေ ရောင်းတဲ့ဆိုင်ရောက်တော့
"မောင် ငါ မောင့်ကိုဝယ်ပေးမယ် ဒီဟာလေး"
ခရုခွံလေးကိုပုံဖော်ဆောက်လုပ်ထားတဲ့ပစ္စည်းလေးတစ်ခု။
အမလေး ရဲ့ဘေးမှာ အထီးလေး က ထီးလေးကိုင်၍ အမလေး ကိုထီးဆောင်းပေးနေတဲ့ပုံကို ပုံဖော်ဆောက်လုပ်ထားတဲ့ အလှပစ္စည်းလေးကို လက်ညှိုးထိုးကာ မောင့်ကိုပြလိုက်သည်။
"နော်....ငါဝယ်ပေးတာလို့သဘောမထားဘဲ ငါတို့အတွက်အမှတ်တရ ပစ္စည်းလေးလို့သဘောထားနော် အဲ့တာကြောင့် မောင် ငါ့ကိုမချစ်ရင်တောင် အဲ့တာလေးကိုတော့ချစ်ပေးပါ..."
ВЫ ЧИТАЕТЕ
"မောင်" စေရင်...S2 ( "မောင်" စေရင်...){Completed }