Zawgyi
........မနက်စောစောဖြာကျလာသောနေရောင်ခြည် သူတစ်နေရာကပူနေတာကိုခံစားလိုက်ရသည်။ ငုံ့ကြည့်မိတော့မှ ရင်ခွင်ထဲကကောင်လေးက
"ဆက်...ဟင်း...."
ဘာဖြစ်နေတာလဲ လို့စမ်းကြည့်တော့မှ
ကိုယ်တွေပူနေတာပဲ"လွန်း ထ ထ "
သို့သော် မျက်လုံးကိုမှိတ်ကာ ဆက် ကိုအတင်းဖက်ထားဆဲပင်။
"အကိုရေထဦး "
ဆက် ကခေါ်နေတာကြောင့် မျက်လုံးတော့ဖွင့်ကြည့်လိုက်သည်။
"ထနော် ဆေးသောက်ရမယ် ကိုယ်တွေပူနေတယ် "
ပြောတော့ ရင်ခွင်ထဲကကောင်လေးက ခေါင်းငြိမ့်ပြလေသည်။
လွန်း ကိုထူကာ ရေပတ်တိုက်ပေးလိုက်သည်။ လွန်းရဲ့အင်္ကျီ ကိုချွတ်လိုက်တော့ ငယ်ငယ်ကဘာမှမဖြစ်ပေမဲ့ အခုကျတော့ မတူဘူးလေ။ ဖြူးဖွေးသောအသားအရည် နီနေသောညှပ်ရိုးလေးတွေ ဝင်းလက်သော အသားအရေ တို့နှငိ့အရမ်းကိုချစ်စရာကောင်းနေလေသည်။
အင်္ကျီ ဘောင်းဘီ ချွတ်ကာ ခပ်ပွပွအင်္ကျီ တစ်ထည်ဝတ်ပေးထားလိုက်သည်။ ကျောင်းကဆရာကလည်း လွန်းကိုလိုက်ပို့လိုက်ကြိုလုပ်နေကြ ဆက် ကိုသိနေတာမို့ ဖုန်းဆက်ကာ ခွင့်လှမ်းတိုင်လိုက်သည်။
ကြည့်ရတာ မနေ့ညက ကိစ္စကြောင့်ကြောက်ဖျားဖျားတာနေမှာ ။ လှဲနေသော လွန်း ကိုထား၍ အောက်ထပ်ဆင်းကာ အန်တီ့ကိုပြော၍ ဆန်ပြုတ်လေးယူလာလိုက်သည်။
ခဏနေတော့ အန်တီကဝင်လာကာ
"သား အဆင်ပြေရဲ့လား"
"ဟုတ်ကဲ့ အန်တီ အခုတော့အိပ်နေတယ် "
"အန်တီတို့မှာလည်း သားအမိ ၂ ယောက်တည်းဆိုတော့ လေ သားကိုပဲကျေးဇူးတင်ပါတယ်ကွယ် "
"ရပါတယ် အန်တီ ရဲ့ လူစိမ်းတွေမှမဟုတ်တာဘဲ အန်တီနားတော့လေ ကျွန်တော် စောင့်လိုက်မယ်"
"သားဘာစားချင်လဲ အန်တီ ပြင်ထားပေးမယ် "
"ရပါတယ် အန်တီ အကို နိုးလာမှပဲ စားတော့မယ် "
"သားကိုဒုက္ခပေးရဦးမယ်ကွယ် "
"ရပါတယ်ဆို အန်တီရယ် "
ČTEŠ
"မောင်" စေရင်...S2 ( "မောင်" စေရင်...){Completed }
RomanceS1 အရင်ဖတ်ပေးပါ ဆက်စပ်မှုရှိလို့ မတူညီနေရာနှစ်ခုက ကောင်လေး ၂ ယောက် ဆုတောင်းတစ်ခုကြောင့် ပြန်လည်စုံစည်းလာတော့.... S1 အရင်ဖတ်ပေးပါ ဆက်စပ်မှုရှိလို့ မတူညီနေရာနှစ်ခုက ကောင်လေး ၂ ယောက် ဆုတောင်းတစ်ခုကြောင့် ပြန်လည်စုံစည်းလာတော့.... 30.10.2020 #VeraVicki2...