(1)ပုံရိပ်ယောင်များ ပုံရိပ်ယောင်များ

18.4K 1K 26
                                    

Zawgyi
........

သူတို့ ၂ ယောက် ခင်ခင်မင်မင်ပင် ဘဝကိုရှေ့ဆက်ခဲ့ကြသည်။ တစ်ဦးအပေါ်တစ်ဦး ခံစားချက်တွေရှိခဲ့ကြတယ်ထင်၏။

တစ်ယောက်ကတစ်ခုခုဖြစ်ရင် နောက်တစ်ယောက်က မနေနိုင်အထိုင်နိုင်ဖြစ်နေကြလေသည်။ အခုဆို လွန်းရိပ် က ၁၆ နှစ် ။ ဆက်ခန့်က ၁၄ နှစ် ဖြစ်ကြလေသည် ။

"ဆက် ရေ ဆက် "

ခြံတံခါးဝရှေ့မှာ ရပ်ကာ အော်ခေါ်နေသော လွန်းရိပ်။
ဒေါ်ချိုက ထွက်လာကာ

"သားလေး လာလေ ဝင်ခဲ့ ကျောင်းသွားတော့မလို့လား"

"ဟုတ်ကဲ့အန်တီ ဆက် ကောဟင်"

"အမလေး ကိုယ်တော်ချောက ကျောင်းလေးတစ်ခါသွားတာကို မှန်ရှေ့မှာဆံပင်ပြင်နေတာ မပြီးနိုင်ဘူး လိုက်သွားလိုက်လေ သားလေး"

"ဟုတ်ကဲ့အန်တီ "

ဒေါ်ချို ရဲ့အပြောကြောင့် လွန်း ဆက် ရဲ့အခန်းဆီသို့လျှောက်လာလိုက်သည်။

ကျွီ...

အခန်းတံခါးဖွင့်သံကြားတော့ ဆက်က လှည့်ကြည့်လေသည်။

"ဟာ...လွန်း "

"ရုပ်ကဘာဖြစ်နေတာလဲ "

"အမလေးလွန်းရယ်...အူးဝါး...ငါ့ဆံပင်ကိုကြည့်ပါဦး"

ဆံပင်ကိုကြည့်လိုက်တော့ တို ရှည်ဖြစ်နေလေသည်။ လွန်း လည်းရယ်ကာ ဆံပင်ကိုကိုင်ကြည့်လိုက်တော့
ဆက် ကလက်ကို ပုတ်ချကာ ဆူပုတ်ပုတ်နှင့်ပြန်ကြည့်နေလေသည်။

"ဘာလို့ရယ်နေတာလဲ"

"ဟား...ဟား...အရူးလေး လာ ငါလုပ်ပေးမယ်
ကဲပြောပါဦး ဘယ်လိုဖြစ်ရတာလဲ"

လွန်း ကမေးတော့ ဆက်က ငိုသံကြီးနှင့်

"မနေ့က ငါ့ဆံပင်ကို မင်းလိုဖွာဖွာလေးဖြစ်ချင်လို့ ကတ်ကြေးနဲ့လုပ်လိုက်တာ အဲ့လိုဖြစ်သွားတယ် ဗြဲ..."

"ဟာ တော်ပြီလေ မငိုနဲ့ ဘာလို့အသံပြဲ ကြီးနဲ့ထအော်တာလဲ ကဲ ရပြီ ထကျောင်းသွားမယ်"

ဆက်ခန့် ကိုချော့၍ နှစ်ယောက်သားအိမ်ပေါ်ကနေဆင်းကာ တီလေးချို ကိုနှုတ်ဆက်ရင်းကျောင်းကိုထွက်လာလိုက်ရသည်။

"မောင်" စေရင်...S2 ( "မောင်" စေရင်...){Completed }Место, где живут истории. Откройте их для себя